Home
အနုပညာ
မြင့်မြတ်နှင့် ရွှေသမီးတို့ပါဝင်သရုပ်ဆောင်ထားသည့် ‘တော်တော်ဖြစ်နေလား’ ရုပ်ရှင်(နမူနာ)
DVB
·
October 23, 2018
43528190_759613864375804_819532442145652736_o
မြန်မာဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် တော်တော်ဖြစ်နေလား အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နတ်ရဲ (ရူပဗေဒ)ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကျော်သားကြီးက ပုံဖော်ရိုက်ကူးပေးထားတာပါ။ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက် ဖြစ်တဲ့ မြင့်မြတ် နဲ့ ညီထွဋ်ခေါင်၊ ညီဖြစ်တဲ့ ညီထွဋ်ခေါင်ကို မျိုးဆက်ချန်ထားစေချင်လွန်းတဲ့ အစ်ကိုကြီးအဖြစ် ကျော်ရဲအောင်။ မြင့် မြတ်နဲ့ ညီထွဋ်ခေါင် သူငယ်ချင်း ၂ ယောက် မန်ယူအသင်းကို ပုံအောလောင်းလိုက်လို့ သိန်းငါးရာ ရှုံးသွားတာကို ပြန်ပေးဖို့ ကြံဖန်ရင်း အလွဲကြီး လွဲခဲ့ရတဲ့ တလွဲတချော် အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ဒီကားထဲမှာ ရှုစားကြရပါမယ်။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသမီးတွေအနေနဲ့ ရွှေသမီးနဲ့ ခေးဆက်သွင်တို့ကလည်း အားဖြည့်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ မြင့်မြတ်ဟာ လတ်တလောမှာ ဟာသရုပ်ရှင်ကား တော်တော်များများမှာ ပါဝင်သ ရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုတွေ ရရှိနေတာဖြစ်ကာ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော်ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024