DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်  မြန်မာခေါင်းဆောင်များ ရခိုင်ပြည်နယ်အရေးဆွေးနွေး
DVB
·
October 23, 2018
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့်  မြန်မာခေါင်းဆောင်များ ရခိုင်ပြည်နယ်အရေးဆွေးနွေး
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဗီဂျေးဂိုဟာလီဟာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာတွေ့ဆုံပြီး  နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့  ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

အလားတူ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ  မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ခမ်းမဆောင်မှာ  တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့  ဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင် ရွက်နေတဲ့ကိစ္စတွေ၊ အိန္ဒိယသမုဒ္ဒရာနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊  မုန်တိုင်း အန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးကိစ္စတွေ ပူးပေါင်း လုပ်ဆောင်ဖို့ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။၊

ဒါ့အပြင် အစိုးရနဲ့ တပ်မတော်က ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် နေမှု အခြေအနေတွေ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားတဲ့ ဘင်္ဂါလီလူမျိုးတွေ ပြန်လည်နေထိုင်ရန်ဖို့  အိန္ဒိယ နိုင်ငံက ပါဝင်ကူညီဆောင်ရွက်ပေးနေမှု ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-State-Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013