DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်မြောက်ပိုင်း၌ အပင်နှင့် ရေနေသတ္တဝါ မျိုးစိတ်သစ် ၃၀ ကျော် တွေ့ရှိ
DVB
·
October 22, 2018
မြန်မာပြည်မြောက်ပိုင်း၌ အပင်နှင့် ရေနေသတ္တဝါ မျိုးစိတ်သစ် ၃၀ ကျော် တွေ့ရှိ
1 / 8
Donate to DVB

ကမ္ဘာမှာ မှတ်တမ်းမတင်ရသေးတဲ့ အပင်နဲ့ ရေနေသတ္တဝါ မျိုးစိတ်သစ် ၃၀ ကျော်ကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ တွေ့ရှိထားတယ်လို့ သုတေသန ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ သုတေသန စီမံကိန်းကနေ တွေ့ရှိထားတာဖြစ်ပြီး နောက်ထက်မျိုးစိတ်သစ်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သုတေသနအရာရှိ ဦးအောင်ဇော်မိုးက ပြောပါတယ်။

“ကူမင်းရုက္ခဗေဒ တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တည်းက သုတေသန လုပ်ငန်းတွေကို စလုပ်နေတာ။ အခုဆို ၂ နှစ်ရှိပြီ။ ဒါက ပထမ ခြေလှမ်းပေါ့။ မျိုးစိတ်သစ်အနေနဲ့က မြန်မာမှာ စာရင်းမသွင်းရသေးပေမယ့်တဲ့ မျိုးစိတ်သစ်တွေလည်း တွေ့တယ်။ ကမ္ဘာမှာတော့ ရှိပြီးသားပေါ့ အဲဒါတွေက။ ကမ္ဘာမှာမရှိသေးဘူး မြန်မာနိုင်ငံမှာဘဲ ရှိသေးတဲ့ မျိုးစိတ်သစ် အနေနဲ့ကတော့ အပင်မျိုးစိတ် ၃၀ လောက်တွေ့ထားတယ်။ အပင်ကြီးတော့ မပါသေးဘူး။ ရေနေသတ္တဝါမျိုးစိတ်က ၅ မျိုး ခြောက်မျိုးလောက်တွေ့ထားတယ်။ တိရစ္ဆာန်တွေကိုတော့ သုတေသန လုပ်နေတုန်းပဲ။”

သုတေသနအဖွဲ့အနေနဲ့ မျိုးစိတ်သစ်တွေ ရှာဖွေမှတ်တမ်းတင်တာတွေအပြင် မြန်မာ့ တိုင်းရင်းဆေး ကဏ္ဍအတွက် အထောက်အပံ့ဖြစ်စေဖို့  မြန်မာနိုင်ငံရှိ ဒေသခံတွေ အဓိကစားသုံးနေတဲ့ သီးပင်စားပင်တွေကိုလည်း ဓာတ်ခွဲစမ်းသပ်ဖို့ ရှိနေပါတယ်။

သုတေသန တွေ့ရှိချက်တွေကို တရားဝင်အတည်ပြုနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအပေါ် သြဇာ သက်ရောက်မှုရှိတဲ့ သုတေသနဂျာနယ်တွေမှာ ရေးသားဖော်ပြသွားမယ်လို့ တရုတ်နိုင်ငံ သိပ္ပံ အကယ်ဒမီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013