
မြန်မာပြည်ရဲ့ပထမဆုံး Fine Art Figure ဓာတ်ပုံ ပြပွဲကို ရန်ကုန်မြို့လယ်၊ ကျောက်တံ တားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်ရှိ Moon Art Gallery မှာ ၅ ရက်ကြာ ကျင်းပနေပါတယ်။
အောက်တိုဘာ ၁၉ ရက်ကနေ ၂၃ ရက်ထိ ကျင်းပနေတဲ့ ဒီပြပွဲမှာ ဓာတ်ပုံ ဆရာ စိုင်းကျော်ခိုင်က ရှမ်းတိုင်းရင်းသူမော်ဒယ်တဦးရဲ့ ကောက်ကြောင်း အလှ ပုံရိပ်တွေကို အဖြူအမည်း ဓာတ်ပုံတွေနဲ့ အနုညာမြောက်စွာ ရိုက်ကူးပြသ ထားပါတယ်။
ဒီပြပွဲကို ကာတွန်းဆရာ ပန်းချီဆရာ ဟန်လေးနဲ့ အတူပူးတွဲ စီစဉ်ပြုလုပ်တာ ဖြစ်ပြီး ကိုဟန်လေးရဲ့ လက်ရာ Nude ပန်းချီကား ၈ ကားကို လည်း ခင်းကျင်း ပြသထားပါတယ်။










