DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ထဲ ပျောက်ဆုံးနေသည့် လူငယ်၏ အလောင်း ၁ဝ ရက်အကြာတွင် ပုပ်ပွလျက် ပြန်တွေ့
DVB
·
October 22, 2018
ချင်းတွင်းမြစ်ထဲ ပျောက်ဆုံးနေသည့် လူငယ်၏ အလောင်း ၁ဝ ရက်အကြာတွင် ပုပ်ပွလျက် ပြန်တွေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဇက်ဆိပ်အနီး၊ ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၂၂ ရက် နေ့လည်ပိုင်းက ပုပ်ပွနေတဲ့ လူသေအလောင်း ၁ လောင်းတွေ့ရှိလို့ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဆယ်ယူခဲ့ပါတယ်။

ခရိုင်မီးသတ်ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး ဦးညီညီဇော်က “ကျနော်တို့ ဒီနေ့ ၁၁ နာရီခွဲအချိန် တယ်လီဖုန်းသတင်းရတယ်။ သတင်းရရခြင်း ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ အုပ်ချုပ်ရေးယာဉ် ၁ စီး၊ ရှာဖွေ ကယ်ဆယ်ရေးစက်လှေ ၁ စီးနဲ့ သွားရောက်ဆယ်ယူခဲ့ပါတယ်။ နီးစပ်ရာလူမှုကူညီရေးအသင်း ကားတွေနဲ့ ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်စေခဲ့တယ်။ သေတဲ့သူကို ရေနစ်ပျောက်ဆုံး အကြောင်းကြားလို့ ၁ဝ ရက်လောက်တုန်းက ကျနော်တို့ ရှာတာ မတွေ့ခဲ့တာပါ။”လို့ ပြောပါတယ်။

သေဆုံးသူက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း၊ ဖောင်ဖွဲ့ရေးဆိပ်အနီး ရေနစ်ပျောက်ဆုံးခဲ့တဲ့ မုံရွာမြို့၊ ပိတောက်ကုန်း ရပ်ကွက်နေ၊ အသက် ၂၇ နှစ်ရှိ မောင်လင်းထက်အောင် ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုတော့ ရုံးကြီးလူငယ် လူမှုကူညီရေးအသင်းကားနဲ့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို  ပို့ဆောင်ခဲ့ပါတယ်။

သေဆုံးအလောင်းနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စစ်ဆေးနေ တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013