DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 22, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၇၂ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၅၃ဝဝဝ ကနေ ၆ဝဝဝဝ ပေါက်ဈေရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၈ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အဟောင်းက  တအိတ်ကို ၄၂ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ အဟောင်းက တအိတ်ကို ၄၂၃ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၃ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ကုလားပဲ

မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာတော့ ကုလားပဲ V2 57.25 ပိဿာဝင် တအိတ်ကို ၆၈၅ဝဝ ကနေ ၆၉ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၇၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေး နဲ့ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၁၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းနီ

မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာတော့ နှမ်းနီက ၄၅ ပိဿာဝင် တအိတ်ကို ၁၅ဝဝဝဝ ပေါက်ဈေးရှိပြီး မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၇ဝဝဝ ကနေ ၁၅ဝဝဝဝ ပေါက်ဈေးရှိပါတယ်။

မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ဈေးကွာခြားမှုမရှိပါဘူး။

နှမ်းညို

ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းညိုက တအိတ်ကို ၁၄၂၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၆ဝဝ ကျပ်ဈေးတက်လာ ပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၂၉ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၁ဝဝ ကျပ်ဈေးကျ ဆင်းသွားပါတယ်။

ပခုက္ကူ နဲ့မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၈ဝဝ ကနေ ၁ဝ၅ဝ ပေါက်ဈေးရှိပြီး တပိဿာကို ၅ဝ ကျပ်ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၈၅ဝ ကနေ ၁၁ဝဝ ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝဝ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူနဲ့မြင်းခြံကုန်စည်ဒိင် တပိဿာကို ၅ဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013