DVB Logo
Home
မြန်မာသတင်း
ကျွဲ၊ နွား၊ သိုး၊ ဆိတ် ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးမည်
DVB
·
October 22, 2018
ကျွဲ၊ နွား၊ သိုး၊ ဆိတ် ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးမည်
Donate to DVB

အိမ်နီးချင်းနိုင်ငံတွေကို မြန်မာနိုင်ငံက ကျွဲ၊ နွား၊ သိုး။ ဆိတ်တိရစ္ဆာန်တွေ တရားဝင်တင်ပို့ ခွင့်လိုင်စင်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ထောက်ခံချက်ပါရင် ထုတ်ပေးမယ်လို့  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုလို လိုင်စင်ထုတ်ပေးတာ ပိုမိုလွယ်ကူစေဖို့ စစ်တွေနဲ့ မောင်တောတို့မှာ ထုတ်ပေးနေသလို မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်မှာလည်း မကြာခင် ထုတ်ပေးသွားဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန် နိုင်ထွန်းက ပြောပါတယ်။

"လိုင်စင်ထုတ်ပေးတာတောင်မှ အခုလက်ရှိ နေပြည်တော်မှာ လိုင်စင်ထုတ်ပေးတာ မဟုတ်တော့ဘူး။ စစ်တွေကနေ လိုင်စင်ပေးတယ်။ မောင်တောကနေ လိုင်စင်ပေးတယ်။ ပိုပြီး လွယ်သွားအောင်လို့။ အခုမကြာခင် မြစ်ကြီးနားကနေ လိုင်စင်ပေးမယ်။ ကျိုင်းတုံနဲ့ တာချီလိတ် ကနေလည်း မကြာခင်ပေးမယ်။ ဘာလို့ အဲလိုလိုင်စင် ပေးတာလည်းဆိုတော့ ဟိုမှာသွားပို့မယ့် နွားအတွက်ကို ဒီမှာထောက်ခံချက်တွေ၊ လိုင်စင်တွေ လျှောက်နေရတဲ့ အတွက်ကြောင့်မို့လို့ တကယ်ကုန်သွယ်မှုလုပ်နေတဲ့သူတွေ အချိန်၊ ကုန်ကျစရိတ်တွေ ကုန်ကျခံရမှာစိုးလို့ အဲအတွက် ဖြေလျော့ပေးလိုက်တာ။ အဲအတွက်ကြောင့် အဲနေရာတွေမှာ လိုင်စင်ထုတ်ပေးမယ်။ ထုတ်ပေးဖို့ အတွက်ကို စီမံထားပြီးပြီ။ ဒီဘက်က စစ်တွေဆိုလည်း ထုတ်ပေးပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို သွားနေပြီ"

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျွဲ၊ နွားမွေးမြူမှု အများဆုံးပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကောက်ယူခဲ့တဲ့ တိရစ္ဆာန်သန်းခေါင်းစာရင်းအရ ကျွဲနွား ၁၀ ဒသမ ၅ သန်း လောက်ရှိပြီး ဒီပမာဏထက်ပိုများနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

လယ်ယာစိုက်ပျိုးမှာအသုံးပြုဖို့ ခိုင်းကျွဲနွား၊ သားဖောက်ဖို့မွေးတဲ့ ကျွဲနွားမ၊ ကျွဲနွားပေါက် တွေနဲ့ ပြည်တွင်းစားသုံးဖို့အတွက် ဖယ်လိုက်ရင် ကျွဲနွားကောင်ရေ ၇ သိန်းခွဲလောက် ပိုနတာကြောင့် ပြည်ပကို တင်ပို့ဖို့ အလုံအလောက်ရှိတယ်လို့ ဆိုပါတယ်။

"၇ သိန်းခွဲရှိတဲ့အတွက် တစ်နှစ်ကို အနည်းဆုံး ၅ သိန်းရောင်းနိုင်တယ်ဆိုပြီးတော့ သူတို့က ပြောတယ်။ အဲတော့ ကျနော်တို့ ရောင်းထားတာက အကောင်ရေ ၁၃၀၀၀၀ ပဲ ရှိသေးတယ်။ အဲအတွက် ပြည်ပကို တရားဝင်တင်ပို့ရောင်းချနိုင်ဖို့အတွက်ကို လုံလောက်တဲ့ ပမာဏရှိတယ် ဆိုတာ မွေးကုဦးစီးဌာနက ကျနော်တို့ကို အဖြေပေးထားတာရှိပါတယ်။ အဲအပေါ်မှာ  ကျနော်တို့ တရားဝင် တင်ပို့ပေးနေခြင်းဖြစ်တယ် " လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

အခုလို ပြည်ပကို တရားဝင် ကျွဲနွားသိုးဆိတ် တရားဝင်တင်ပို့ခွင့် ပြုတဲ့ကိစ္စဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့နဲ့ ၀င်ငွေတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။

"တောင်သူလယ်သမားတွေရဲ့ တစ်ပိုင်တစ်နိုင်မွေးတဲ့ကိစ္စကိုလည်း အခုနက အလှည့်ကျနဲ့ နွားမသုံးကောင် မွေးထားပြီး တစ်နှစ် တစ်သားကျလို့ရှိရင် နွားတစ်ကောင်ရဲ့ တန်ဖိုးက ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ၁၅ သိန်းလောက် ရနေတယ်။ ၁၅ သိန်းဟာ စပါးတင်း ၃၀၀ ရတဲ့ဈေးနဲ့ သွားညီတယ်။ အဲအတွက်ကြောင့် တခြားလယ်စိုက်တာ မဟုတ်သေးဘဲနဲ့ လယ်ကရတဲ့ဥစ္စာက တောင်သူတွေအတွက် ပုံမှန် ၀င်ငွေဖြစ်နေသလို နွားကရတဲ့ဥစ္စာက အပို ၀င်ငွေအနေနဲ့ တစ်နှစ်မှာ စပါး ၃၀၀ လောက်ရနိုင်ဖို့အတွက်ကို ရည်ရွယ်ပြီး လုပ်ပေးလိုက်တာပဲ။ အဲအတွက်လည်း အဲအတိုင်းပဲ ဆက်ပြီးဆောင်ရွက်နေပါတယ်" လို့ ဦးရန်နိုင်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မီနီဘက်ဂျက် ၆ လအတွင်း ကျွဲ၊ နွား၊ သိုး၊ ဆိတ် တရားဝင်တင်ပို့ခွင့်ပြုခဲ့တာမှာ ကျွဲနွားအကောင်ရေ ၁၃၀၀၀၀ ကျော်နဲ့ သိုးဆိတ်အကောင်ရေ ၆၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး တိရစ္တာန်ထွက်ပစ္စည်းတင်ပို့ရေးကဏ္ဍ ကနေ ပို့ကုန်ပိုင်းမှာ ၁၇၆ သန်းလောက် ပိုမိုရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013