DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ သဘာဝအခြေပြု ခရီးသွား​လုပ်ငန်းများ ဖော်ဆောင်ရန်ဆွေးနွေး
DVB
·
October 22, 2018
မြန်မာ-အိန္ဒိယ သဘာဝအခြေပြု ခရီးသွား​လုပ်ငန်းများ ဖော်ဆောင်ရန်ဆွေးနွေး
1 / 10
Donate to DVB

မြန်မာ-အိန္ဒိယ သဘာဝအခြေပြု ခရီးသွား​အဖွဲ့တွေ တွေ့ဆုံပြီး သဘာဝအခြေပြု ခရီးသွား လုပ်ငန်းတွေ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ကြဖို့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

အိန္ဒိယနိုင်​ငံ၊ မဏိပူပြည်​နယ်​ အ​ခြေစိုက် မဏိပူ ​ခြေလျှင်​နဲ့​ တောင်​တက်​အသင်းနဲ့ မြန်မာနိုင်​ငံက က​လေးမြို့စက်​ဘီးအသင်း၊ တမူးမြို့စက်​ဘီးအသင်း၊ ကလေးမြို့ခြေလျှင်​နဲ့​ တောင်​တက်​အသင်းတို့ဟာ အောက်တိုဘာ ၂၀ ရက်က တမူးမြို့မှာ ​တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာပါ။

ပထမအဆင့်အ​နေနဲ့ နယ်​နမိတ်​ခြင်း ထိစပ်​​နေတဲ့ ပြည်​နယ်​တိုင်းအလိုက်​ သဘာဝအ​ခြေပြုခရီးသွား အားကစားပူ​ပေါင်း​ဆောင်​ရွက်​​ရေးကိစ္စရပ်​တွေကို ​ဆွေး​နွေးခဲ့ကြ တယ်လို့ ကလေးမြို့ တောင်တက်အသင်းက ကိုလှိုင်ထွန်းက ပြောပါတယ်။

"အဓိက က​တော့ ခြေလျှင်​တောင်​တက်​ အဓိက​တွေ့တာပါ။ သဘာဝအ​ခြေပြု ခရီးသွား ကိစ္စပါ။ ဟိုဘက်​အဖွဲ့က တောင်​တက်​အဖွဲ့ပါ။ ဒီဘက်​​တောင်​တက်​အဖွဲ့နဲ့ ချိတ်​ဆက်​ပြီး သဘာဝ အခြေပြု ခရီးသွားမြင့်တင်​​ရေးလုပ်​ဖို့ ဆွေးနွေးကြပါတယ်”

မဏိပူ ​ခြေလျှင်​နဲ့​ တောင်​တက်​အသင်းကို ၁၉၈၀ ပြည့်နှစ်​ကတည်း​က စတင်​တည်​​ထောင်​ခဲ့ပြီး ခရီးသွားဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ဖို့အတွက် မဏိပူအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ကိုင်နေတာပါ။

လက်ရှိမှာ ဒေသတွင်းမှာ နယ်မြေ​အေးချမ်းပြီး လွတ်​လပ်​စွာ သွားလာလည်​ပတ်​နိုင်​​တဲ့ အခြေအနေတွေ ရှိနေလို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြဖို့ စီစဉ်နေတာလို့  အဖွဲ့ဝင် တဦးက ဆိုပါတယ်။

"ရည်​ရွယ်​ချက်​ကတော့ အားကစား၊ ကျန်းမာကြံခိုင်​မှု၊ စည်းလုံးမှု၊ မူးယစ်​ကင်​စင်​​ရေး သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးဆိုတာတွေပါပဲ။ အသင်းအဖွဲ့တွေ အနေနဲ့ ကျောက်​​တောင်​ တွယ်​တက်​ခြင်း၊ ​ခြေလျှင်​တောင်​တက်​ခြင်း၊ ဂလိုက်​ဒါစီးခြင်း၊ မီးပုံးပျံစီးခြင်း၊ မြစ်​​ကြောင်းဖြတ်​​ကျော်​ အပန်းဖြေ ​လှေစီးခြင်း၊ တောတွင်းစခန်းချ​​နေထိုင်​ခြင်းစတဲ့ အားကစားတွေကို ပြုလုပ်​​နေ​ပါတယ်"

အခုလို တဖက်နိုင်ငံ အဖွဲ့တွေ အနေနဲ့ ကလေးနဲ့ တမူးမြို့ တောင်တက်အဖွဲ့တွေ စက်ဘီးစီး အဖွဲ့တွေနဲ့အတူ က​လေးမြို့အနီး ဝန်းကျင်​ ​ကျေးလက်​​ဒေများတွေလှည့်လည်​ စက်​ဘီးစီးနိုင်​​မှာ ဖြစ်ပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ ဖော်​​ရွေမှုကို ခံစားစေချင်တာရယ်၊ တောင်တန်းသဘာဝတွေကို မြင်စေချင်တာရယ်ကြောင့် မကြာမီ သဘာဝအခြေပြု ခရီးသွားမှုတွေကိုလည်း လုပ်ဆောင်ဖို့ အကောင်အထည်ဖော်သွားမယ်လို့လည်း ကိုလှိုင်ထွန်းက ဆိုပါတယ်။

ဒါ့အပြင် ခြေလျှင်​နဲ့​ တောင်​တက်​ ခရီးစဉ်တွေအဖြစ် က​လေး​ဒေသမှာ မြစ်အတွင်း အပန်းဖြေလှေစီးတာနဲ့ က​နေဒီ​ ​ခြေလျှင်​​တောင်​တက်​ခရီး၊ ​ခေါနုသုန်​လ်​ ​ခြေလျှင်​​တောင်​တက်​ခရီး၊ ဝေဘူလ​ ​ခြေလျှင်​နဲ့​ တောင်​တက်​ခရီးတွေသွားတာ၊ ​တောတွင်းစခန်းချ​နေထိုင်​တာ၊ ​တောထဲ ဆင်​စီးခရီးစဉ်​သွားတာတွေအပြင်​ ​နှင်းဖုံး​တောင်​ ​ရေခဲ​​တောင်​တက်​တာတွေလည်း လုပ်ဆောင်ဖို့ လည်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်​နမိတ်​ခြင်းထိစပ်​​နေတဲ့  ​ဒေသတွေဖြစ်​လို့ အပြန်​အလှန်​ သွားလာလည်​ပတ်​ကြခြင်းဖြင့်  မတူညီတဲ့ လူမှုရပ်​ဝန်းတွေအလိုက်​ ပိုမိုသိရှိနားလည်​ပြီး ရင်​နှီးလာ​စေမှာဖြစ်တယ်လို့လည်း တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေက သုံးသပ်ကြပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013