DVB Logo
Home
မြန်မာသတင်း
အဂတိ တိုက်ဖျက်ရေးကော်မရှင်ကို အားမရဟု ဒေါက်တာညိုညိုသင်းပြော
DVB
·
October 22, 2018
အဂတိ တိုက်ဖျက်ရေးကော်မရှင်ကို အားမရဟု ဒေါက်တာညိုညိုသင်းပြော
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အရေးယူမှုအပိုင်းမှာ အားမရတာတွေ ရှိတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ ရန်ကုန်တိုင်းအတွင်း စီမံကိန်းတချို့မှာ ကာလ တန်ဖိုးထက် များစွာနည်းနေတဲ့တန်ဖိုးနဲ့ လူပုဂ္ဂိုလ်တချို့ကိုချထားပေးတဲ့အပေါ် ပြည်သူ့ဘဏ္ဍာကျပ် ၆၀ ဘီလီယံလောက် နစ်နာမှုရှိနေတာကြောင့် ဒေါက်တာညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အောက်တိုဘာလ ၁၂ ရက်နေ့က တိုင်ကြားစာပေးပို့ခဲ့တာပါ။

တိုင်ကြားစာနဲ့ပတ်သက်လို့ ကော်မရှင်ဘက်ကနေ သက်ဆိုင်ရာအစိုးရအဖွဲ့က ဆောင်ရွက်ဖို့ ကိစ္စတွေမပြီးသေးတာအပါအ၀င် စတုတ္ထအကြိမ်ပြင်ဆင်လိုက်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမထွက်မီက ကိစ္စဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ကော်မရှင်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒေါက်တာညိုညိုသင်းက စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013