DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးဒုက္ခသည်များအတွက် ကိုရီးယားက ဆန်တန်ချိန် ၁၃၀၀ လှူဒါန်း
DVB
·
October 22, 2018
မြန်မာရေဘေးဒုက္ခသည်များအတွက် ကိုရီးယားက ဆန်တန်ချိန် ၁၃၀၀ လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံက ရေဘေးဒုက္ခခံစားနေရသူတွေအတွက် တောင်ကိုရီးယားနိုင်ငံက လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်အရ ဆန်တန်ချိန် ၁၃၀၀ ပေးအပ်ကူညီ လှူဒါန်းမယ်လို့  ကိုရီးယားအစိုးရက ဒီကနေ့ ကြေညာပါတယ်။

အရှေ့တောင်ပိုင်းရှိ ဘူဆန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို  အောက်တိုဘာ ၂၂ ရက်နေ့ သင်္ဘောနဲ့ တင်ပို့မှာဖြစ်တယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ရေးရာ ၀န်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား ယွန်ဟတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လကုန်ပိုင်းတွေက မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ကျေးရွာတွေမှာ မုတ်သုံမိုးရွာသွန်းပြီး လူပေါင်း သိန်းနဲ့ချီ နေရပ်စွန့်ခွာ ရေဘေးဒုက္ခခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-Yonhap

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013