DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ကျော်ဝင်ရောက်
DVB
·
October 22, 2018
လေဖိအားနည်းရပ်ဝန်း မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ကျော်ဝင်ရောက်
Donate to DVB

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နေပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်လို့လည်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင်လေဟာ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲနဲ့ ကျန် တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာတော့ ဒေသအလိုက်နဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ထိုင်းပင်လယ်ကွေ့အတွင်း ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းငယ်တလုံးဟာ တနင်္သာရီကမ်းရိုးတန်းကို ဖြတ်သန်းခဲ့ပြီးနောက် အားလျော့ကျသွားကာ မုန်တိုင်းအကြွင်းအကျန် (သို့မဟုတ်) အရှေ့လေပွေလှိုင်းအဖြစ် တနင်္သာရီတိုင်း ကမ်းလွန်ရေပြင်မှ မွန်ကမ်းလွန်ရေပြင်၊ မုတ္တမကွေ့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ဒေသတွေကို ဦးတည်ရွေ့လျှားလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေပွေလှိုင်းရွေ့လျှားရာ လမ်းတလျှောက် မိုးသည်းထန် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်ဖို့ အလားအလာ များတယ်လို့လည်း ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013