DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်၌ ကျပ်သန်း ၈၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
DVB
·
October 22, 2018
ဘူးသီးတောင်၌ ကျပ်သန်း ၈၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ ကျပ်သန်း  ၈၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားတွေ မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ မြို့မရပ်ကွက်၊ ရွာမကျေးရွာသွား လမ်းကားလမ်းဘေးမှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲလောက်က မင်္သကာဖွယ် ဟိုင်းလပ်ကားတစီး ရပ်တန့်ထားတဲ့ သတင်းအရ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာက ဖမ်းမိခဲ့တာပါ။

ရပ်ထားတဲ့ ဟိုင်းလပ်ကားကို ဘူသီးတောင်မြို့ရဲစခန်းသို့ မောင်းနှင်ခဲ့ပြီး စစ်ဆေးရာ မီးသွေးအိတ် ၅၅ အိပ်ထဲကနေ ပလစ်စတစ်နဲ့ ထုတ်ထားတဲ့ တစ်ထုတ်ကို ၉၇၅၀ ပြားစီပါ အထုတ်ပေါင်း ၁၉၆ ထုတ် စုစုပေါင်းဆေးပြား ၁၉၁၁၀၀၀ ပြား ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိတဲ့ဆေးပြားတွေဟာ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်နေ မာမတ်အိစ္စလာမ် ရဲ့ ပစ္စည်းဖြစ်ကြောင်း ယာဉ်မောင်းရဲ့ထွက်ဆိုချက်အရ မာမတ်အိစ္စလာမ် နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ က ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်မှာ သိုလှောင်ထားတဲ့ မီးသွေးအိပ် ၁၃ အိပ်ထဲမှ Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြားပါအထုတ် ၁၀၀ စုစုပေါင်းဆေးပြား ၉၇၅၀၀၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ထွန်မြတ်ထွန်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပြား စုစုပေါင်း ၂၈၈၆၀၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၈,၆၅၈,၀၀၀,၀၀၀ ရှိ ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ကားဒရိုင်ဘာမူဟာမတ်ဟာရော (၂၉ နှစ်)နဲ့ ပစ္စည်းပိုင်ရှင် မာမတ်အိစ္စလာမ် (၄၀ နှစ်)တို့ကို မူး/စိတ်ပုဒ်မ-၁၉(က)/၂၀(က)/ ၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013