DVB Logo
Home
မြန်မာသတင်း
Box Office ကို ဦးဆောင်နိုင်ဖွယ်ရှိသည့် Halloween ရုပ်ရှင်ဇာတ်ကား
DVB
·
October 21, 2018
Box Office ကို ဦးဆောင်နိုင်ဖွယ်ရှိသည့် Halloween ရုပ်ရှင်ဇာတ်ကား
Donate to DVB

နာမည်ကျော်မင်းသမီးကြီး ဂျေမီလီကာတစ်ဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ကုန်ဆုံးမယ့် သီတင်းပတ်မှာ North America Box Office ကို ဦးဆောင်လာနိုင်ဖွယ်ရှိနေပါတယ်။

မင်းသမီးကြီးဟာ Halloween လို့ ခေါ်တဲ့ ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ အခုလာမယ့် သီတင်းပတ်မှာ ဝင်ငွေများစွာရရှိနိုင်ဖွယ်ရှိနေတာပဲဖြစ်ပါတယ်။

ကာတစ်ဟာ သူ့ရဲ့အနုပညာခရီးကို Halloween ဆိုတဲ့ ဇာတ်ကားနာမည်နဲ့ လွန်ခဲ့တဲ့နှစ် ၄၀ ခန့်က စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ သူဟာ ဟောလီးဝုဒ်ရဲ့ “scream queen” အဖြစ်သတ်မှတ်ခဲ့ရပါတယ်။

နှစ်ပေါင်း ၄၀ ကြာပြီး အခုချိန်မှာ ကာတစ်ဟာ ဒီဇာတ်ရုပ်ကို ထပ်မံသရုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာလည်း သူ့ဇာတ်ကားသစ်က အောင်မြင်မှုတွေကို ဆွတ်ခူးဖို့ တာဆူနေပြီဖြစ်ပါတယ်။

Halloween ဇာတ်ကားကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ Universal ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လွှင့်လုပ်တာဖြစ်ပြီး ဒီကားဟာ အောက်တိုဘာ ၂၁ ရက်နေ့အတွင်း လက်မှတ်ရောင်းရငွေ ဒေါ်လာသန်း ၈၀ လောက်ရရှိနိုင်ဖွယ်ရှိတယ်လို့ Box Office စောင့်ကြည့်ရေးဝက်ဘ်ဆိုဒ်  www.BoxOfficePro.com က ခန့်မှန်းထားပါတယ်။

ဒီဆိုဒ်ရဲ့ ခန့်မှန်းချက်အရ Holloween ရဲ့ နောက်ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ A Star is Born ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို နာမည်ကျော် မင်းသားကြီး ဘရက်ဒလေကူးပါးက ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပေါ့ပ်ဘုရင်မ လေဒီဂါဂါက သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာ ဂီတကိုအခြေခံကာ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး အရက်အလွန်အကျွံ သောက်တတ်တဲ့ ဂီတပညာရှင် ကူးပါးက တက်သစ်စ အဆိုတော်လေး ဂါဂါကို ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဒီကားဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ကုန်ဆုံးမယ့် တစ်ပတ်အတွင်း ဝင်ငွေဒေါ်လာ ၁၉.၃ သန်း ရရှိမယ်လို့လည်း ခန့်မှန်းခံထားရပါတယ်။

တတိယနေ ရာမှာရှိနေတာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ Venom ဇာတ်ကားပဲဖြစ်ပါတယ်။ Marvel Comics စာအုပ်ကို အခြေခံတဲ့ ဒီဇာတ်ကားမှာလည်း လူစွမ်းကောင်းတွေရဲ့ အဖျက်သမားတွေကြားက အားပြိုင်မှုကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Sony Pictures က ထုတ်လုပ်ထားတဲ့ ဒီကားဟာ နံပါတ် ၃ အတိပြုတ်ကျသွားပေမယ့် ဒီသီတင်းပတ်မှာလည်း ဝင်ငွေ ၁၈ ဒသမ ၉ သန်း ထပ်မံရရှိနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

စတုထ္တနေရာမှာရပ်တည်နေတာကတော့ First Man ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ နေးလ်အမ်းစထရောင်းရဲ့ လကမ္ဘာခရီးစဉ်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ရွိုင်ယန်ဂေါ့စလင်းနဲ့ ကလဲယာဖွိုင်း တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ အခုသီတင်းပတ်မှာ ဝင်ငွေ ၁၀ ဒသမ ၃ သန်း ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Sony က ထုတ်လုပ်လိုက်တဲ့ နောက်ထပ်ဇာတ်ကားတကားဖြစ်တဲ့ Goosebumps 2: Haunted Halloween ကတော့ ခန့်မှန်းခြေ ဝင်ငွေဒေါ်လာ ၆ ဒသမ ၉ သန်းနဲ့ နံပါတ် ငါးနေရာမှာ ရပ်တည်နိုင်ဖွယ်ရှိနေပါတယ်။

သည်းထိတ်ရင်ဖိုမှုနဲ့ ဟာသကို အချိုးကျပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ အရီဆန်ဒယ်က ရိုက်ကူးထားတာဖြစ်ပြီး ဒီကားမှာ ဝန်ဒီမက်လန်ဒန်ကိုဗီ၊ မက်ဒီဆင်အိုက်မန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013