DVB Logo
Home
မြန်မာသတင်း
'Halloween' ရုပ်ရှင် မြောက်အမေရိကတွင် စတင်ရုံတင်
DVB
·
October 21, 2018
'Halloween' ရုပ်ရှင် မြောက်အမေရိကတွင် စတင်ရုံတင်
Donate to DVB

တကျော့ပြန် သည်းထိတ်ရင်ဖို  'Halloween' ရုပ်ရှင်ကို အောက်တိုဘာလ ၁၉ ရက်နေ့က မြောက်အမေရိကမှာ စပြီး ရုံတင်ပြသခဲ့ပါတယ်။

တကျော့ပြန် 'Halloween' ရုပ်ရှင်ကို အောက်တိုဘာလ ၁၇ ရက်နေ့က ဟောလိဝုဒ်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပြိး Horror Movie ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင် ဖြစ်ပါတယ်။

ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ သရုပ်ဆောင်နဲ့ ဒါရိုက်တာတို့က  သူတို့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“ဇာတ်လမ်းက စိတ်ဒဏ်ရာ အကြောင်းနဲ့ သတ်ဖြတ်မှုတွေအကြောင်း ရိုက်ထားတာပါ။ ကျမတို့ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေအများကြီး ရိုက်ဖူး၊ ကြည့်ဖူးပါတယ်။ ဒါပေမယ့် အနှစ် ၄၀  ကြာပြီးမှ ပြန်ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖိုမျိုးတော့ မကြည့်ဖူးဘူး။ ဒါကြောင့် ဒီရုပ်ရှင်မှာ စိတ်ဒဏ်ရာကနေ ရှင်သန်ခဲ့သူ တဦးအဖြစ် သရုပ်ဆောင်ရတာကို ကျမ ဂုဏ်ယူတယ်။ နောက်ပြီး ဘ၀တလျှောက်လုံး မိုက်ကယ်မိုင်ယာနဲ့ ပြန်ဆုံဖို့ နေတိုင်းပြင်ဆင်နေတာလေ။ ဒီအတွက် ကျမ သေချာစဉ်းစားပြီး လေးလေးနက်နက်လုပ်ခဲ့ပါတယ်” လို့ သရုပ်ဆောင်  ဂျေမီလီကားတက ဆိုပါတယ်။

“ကျနော်တို့ လုပ်ပြချင်တာကတော့  ပရိသတ်ကို တတ်နိုင်သလောက် ပျော်ရွှင်မှုတွေ ပေးချင်ပါတယ်။ ကျနော်တို့ဟာ သည်းထိတ်ရင်ဖို ရုပ်ရှင်ဝါသနာအိုးတွေ  ဖြစ်သလို အဲဒီ ရုပ်ရှင် ၀ါသနာအိုးတွေကို များလာစေချင်တာပါ။ ဒီတော့ ခင်ဗျားဟာ သည်းထိတ်ရင်ဖို ပရိသတ် ဆိုရင်ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ သည်းထိတ်ရင်ဖို ပရိသတ် မဟုတ်ရင်တာ့ စိတ်ဝင်စားစရာတွေ အများကြီး ရှိပါတယ်။ ဟော်လိုးဝင်း အခါသမယမှာလူတွေ ပျော်ရွှင်လိမ့်မယ် ထင်ပါတယ်။” လို့ ဒါရိုက်တာနဲ့ တွဲဖက်ဇာတ်ညွှန်းရေးသူ ဒေးဗစ်ဂေါ်ဒွန်ဂရင်းက ပြောခဲ့ပါတယ်။

အဲဒီ 'Halloween' ရုပ်ရှင်မှာ  ဂျေမီလီကားတစ်၊ ဒေါ်နယ်ပလီးဆန့်နဲ့ ဒန်နီယယ်ဟားရစ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013