DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများစီးလာသည့်ကား မီးလောင်၊ ၁၁ ဦးသေဆုံး
DVB
·
October 21, 2018
မြန်မာအလုပ်သမားများစီးလာသည့်ကား မီးလောင်၊ ၁၁ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်မြို့နယ် အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်က မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ကား ၁ စီး မီးလောင်ပြီး ၁၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရသွားတယ်လို့  MCOT ထိုင်း TV သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းကနေ နယ်စပ်တာ့ခ်ခရိုင် မဲဆောက်လ၀ကရုံးမှာ ဗီဇာတုံးထုဖို့ သွားမယ့် အလုပ်သမားတွေ တင်ဆောင်လာတဲ့ မှန်လုံကားဟာ ဒီကနေ့မနက် ၆ နာရီ ၅၀ မိနစ် ခလောင်းခလုန်ုမြို့နယ် ထာ့ဖုတ်ဆာရပ်ကွက်ရောက်တော့ သစ်ပင်တပင်ကို ၀င်တိုက်မိပြီး မီးလောင်သွားခဲ့တာပါ။

တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြိမ်းသတ်ခဲ့ပြီးတဲ့နောက် ကားထဲမှာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး တို့ကို တွေ့ရတယ်လို့  ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သတင်းထောက်ကို ပြောပါတယ်။

ဒဏ်ရာရသူတွေ  ၆ ဦးကို ဆေးရုံပို့ဆောင်ရာမှာ ၂ ဦးက လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရတ်သတင်းမှာတော့ အဆိုပါကားပေါ်မှာ ယာဉ်မောင်း ထိုင်းလူမျိုး ၁ ဦးနဲ့ မြန်မာ အလုပ်သမား ၁၄ ဦးတို့ ပါလာတယ်လို့ ဖော်ပြပြီး သေဆုံးသူရဲ့အမည် နေရပ်လိပ်စာတွေကိုတော့ မသိရသေးပါဘူး။

မတော်တဆဖြစ်ရတာဟာ မိုးရွာလို့ လမ်းချော်တာနဲ့ ကားသမား အိပ်ငိုက်တယ်လို့ ယူဆရပြီး ဖြစ်ရပ်မှန်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေအပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာသံရုံး မြန်မာအလုပ်သမားသံအရာရှိရုံးကို ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် အခင်းဖြစ်ပွားရာ ကမ်ဖိုင်ဖစ်ခရိုင်ကို သွားရောက်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မသိရသေးကြောင်း၊  သေဆုံးဒဏ်ရာရ အလုပ်သမားတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေ သိရပြီးပါက မြန်မာပြည်က မိသားစုတွေဆီ အကြောင်းကြားပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးသွားမယ်လို့ မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်မင်းက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013