DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် ကျေးရွာသစ် ၂ ရွာ ဖွင့်လှစ်
DVB
·
October 21, 2018
မောင်တောမြောက်ပိုင်းတွင် ကျေးရွာသစ် ၂ ရွာ ဖွင့်လှစ်
Donate to DVB

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ မင်းကြီးကျေးရွာနဲ့ မြဝတီကျေးရွာသစ်တွေ ဖွင့်ပွဲကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

တောင်ကျချောင်းရေတိုက်စားမှုကြောင့် ရွာနေရာ အခက်အခက်အခဲ ဖြစ်နေတဲ့ မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာသစ်ကို ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောက်လုပ်ပေးတာဖြစ်ပြီး မြဝတီကျေးရွာသစ်ကိုတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းပေးခဲ့တာပါ။

နေအိမ်တွေ ပေးအပ်ပွဲအခမ်းအနားကို ရခိုင်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မင်းကြီးကျေးရွာဟာ ကြိမ်ချောင်း ချောင်းရေတိုက်စားမူကြောင်း ကမ်းပါးတွေ ပြိုကာ တဖြည်းဖြည်း နေရာကျဉ်းလာတာ၊ လှေနဲ့ကူးပြီး သွားလာရတဲ့အတွက် သွားလာရ အဆင်မပြေတာတွေကြောင့် ပညာရေး၊ ကျန်းမာရေးပါ နစ်နာနေရာတာကြောင့် အခုလို နေရာရွှေ့ပေးဖို့ တင်ပြတောင်းဆိုခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းက ပြောပါတယ်။

လက်ရှိမှာတော ကျေးရွာသစ်ရရှိပေမယ့် လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေက ကျေးရွာဟောင်းတွေမှာ ရှိနေတာကြောင့် အစိုးရအနေနဲ့ ကျေးရွာသစ်အနီး လယ်ယာမြေတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မင်းကြီးကျေးရွာသစ်မှာ စုစုပေါင်း နေအိမ် ၈၂ လုံး ဆောက်လုပ် လှူဒါန်းခဲ့ပြီး ကျေးရွာအတွက် လိုအပ်တဲ့ ဆိုလာမီးအိမ်တွေကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြဝတီကျေးရွာကတော့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ရှိနေတာနဲ့ ချောင်းကူး သွားလာနေရလို့ ရွှေ့ပြောင်းရတာဖြစ်ပြီး ကျေးရွာသစ်မှာ နေအိမ် ၃၃ လုံး ဆောက်လုပ်ပေးခဲ့တာပါ။

မြဝတီကျေးရွာအုပ်ချုပ်ရေးမှူးက "အခုက နေအိမ်တွေအတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရွာလမ်းတွေ လိုအပ်နေပါတယ်။ လုပ်ကိုင်စားသောက်ရေးအတွက် အတွက်ကတော့ ရွာဟောင်းဘက်မှာ ကျန်ခဲ့တဲ့ လယ်ယာမြေတွေကို သွားရောက်လုပ်ကိုင်ရမှာပါ။ အခုဆောက်ပေးတဲ့ ရွာမှာတော ဆေးပေးခန်း၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး စတာတွေ ပြည့်ပြည့်စုံစုံပါဝင်ပါတယ်" လို့ ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ -ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013