DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ၇ နှစ်ကြာ မကျင်းပနိုင်ခဲ့သည့် ဟိန္ဒူစန္ဒီမယ်တော် ပြုလုပ်
DVB
·
October 21, 2018
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ၇ နှစ်ကြာ မကျင်းပနိုင်ခဲ့သည့် ဟိန္ဒူစန္ဒီမယ်တော် ပြုလုပ်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့မှာ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေက မကျင်းပနိုင်ခဲ့တဲ့ ဟိန္ဒူ စန္ဒီမယ်တော် ပူဇော်ပွဲကို အခုနှစ်မှာ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။

၂ဝ၁၂ ခုနှစ်ကစပြီး မောင်တောဒေသမှာ ဟိန္ဒူ စန္ဒီမယ်တော်ကို ပူဇော်ပွဲအား စည်ကားစွာ မပြုလုပ်နိုင်ခဲ့တာပါ။

စန္ဒီမယ်တော် ပူဇော်ပွဲကို  အောက်တိုဘာ ၁၅ ရက်ကနေ အောက်တိုဘာ ၁၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာအုပ်စု ရဲဘော်ကျကျေးရွာမှာ အကြမ်းဖက် သမားတွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဟိန္ဒူလူမျိုး ၁ဝဝ ကျော်အတွက်လည်း ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

မောင်တောခရိုင်တခုလုံးမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ စန္ဒီမယ်တော် ဘုရားကျောင်း ၁ဝ ကျော်ရှိပြီး မောင်တောမြို့မှာ ၈ ကျောင်းနဲ့ ဘူသီးတောင်မှာ ၂ ကျောင်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013