DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအလှမယ်များ ရေးကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုမြင်ကွင်း (ဓာတ်ပုံ - ရုပ်သံ)
DVB
·
October 21, 2018
နိုင်ငံတကာအလှမယ်များ ရေးကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုမြင်ကွင်း (ဓာတ်ပုံ - ရုပ်သံ)
1 / 18
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမအကြိမ်လက်ခံကျင်းပတဲ့ Miss Grand International 2018 မှ နိုင်ငံတကာ ပြိုင်ပွဲဝင်အလှမယ်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ သူဌေးကျွန်းမှာ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၈၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ကာ ရန်ကုန်မြို့ Gandamar Grand Ballroom မှာ ကျင်းပခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ ကော့သောင်းမြို့သူဌေးကျွန်းပေါ်ရှိ Grand Andaman Hotel မှာ ရေကူးဝတ်စုံနဲ့ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ အခုနှစ်အတွက် မြန်မာနိုင်ငံက အလှမယ် ဆုမြတ်ဖူး ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ အလှမယ် အေးချမ်းမိုးက သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝအလှ ဓလေ့ထုံးတမ်းအစဉ်အလာ ကောင်းတွေ၊ နိုင်ငံရြဲ့ပုပြင်ပြောင်းလဲနေမှုတွေကို နိုင်ငံတကာကိုပြသနိုင်ဖို့ တိုးတက်လာနေတဲ့ ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကော့သောင်းမှာ ပြုလုပ်ခဲ့တာလို့ Grand Andaman Hotel ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ သတင်း-လတ်ကိုကိုဦး ဓာတ်ပုံ၊ရုပ်သံ- Miss Grand International
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013