DVB Logo
Home
မြန်မာသတင်း
ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှု ပြေလည်မှုမရ
DVB
·
October 21, 2018
ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှု ပြေလည်မှုမရ
Donate to DVB

ဖုယွင် အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း ပြေလည်မှုရဖို့ အောက်တိုဘာ ၂၀ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ အဓိက ဆွေးနွေးခဲ့ကြပေမယ့် အလုပ်ရှင်ဘက်က လက်ရှိ စက်ရုံရှေ့ဆန္ဒပြတဲ့အပေါ် တရားမဝင်ကြောင်း အလုပ်သမားဘက်က ဝန်ခံပေးဖို့၊ လူမိုက်ငှားပြီး စက်ရုံဘက်က အကြမ်းဖက်တယ်ဆိုတဲ့အပေါ် မဟုတ်မှန်ကြောင်း ဝန်ခံပေးဖို့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ အနိုင်ရတယ်ဆိုပြီး စက်ရုံအတွင်း တခြားသူတွေကို မပြောဆိုဖို့၊ ရာထူးကြီးတဲ့သူတွေ ပြောစကားနားထောင်ဖို့ စတဲ့အချက် ၈ ချက်လောက်ရမှ အလုပ်ပြန်ခန့်မယ်လို့ ဆိုပါတယ်။

ဖုယွင်စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌကတော့ စက်ရုံအတွင်း အနိုင်ရတယ်ဆိုတာ ပြန်မပြောဘူးဆိုတဲ့အချက်တခုသာ သဘောတူညီခဲ့ပြီး ကျန်တဲ့အချက်တွေကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ပါတယ်။

အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဥပဒေနဲ့အညီ ဆက်လက် ရင်ဆိုင်သွားမယ်လို့ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013