DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 20, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၅၇ဝဝပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၅၃ဝဝဝ ကနေ ၅၈၅ဝဝ ပေါက်ဈေရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၈ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ်က တအိတ်ကို ၃၉ဝဝဝ ကနေ ၄၃ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ပခုက္ကူကုန်စည်ဒိုင်မှာတော့ အဟောင်းက တအိတ်ကို ၄၁၄ဝဝ ပေါက်ဈေးရှိ ပြီး တအိတ်ကို ၆ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၆ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကုလားပဲ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ V2 57.25 ပိဿာဝင် တအိတ်ကို ၆၉ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၆၉ဝဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှုမရှိပါဘူး

 

စွန်တာပြာ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စွန်တာပြာက ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၈၁ဝဝဝ ကနေ ၈၃၃ဝဝ ပေါက်ဈေးရှိပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၉ဝဝဝဝ ကနေ ၉၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို  ၈၇ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၄၆ဝဝဝဝ ပေါက်ဈေးရှိပြီးဈေးအပြောင်းအလဲ မရှိပါဘူး။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၁၆ဝဝ ရှိပြီးတအိတ်ကို ၃ဝဝ ကျပ်ဈေးကျဆင်းသွားပါ တယ်။

မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄၄ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်.။

 

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက တပိဿာကို ၁၇၅ဝ ကနေ ၁၇၆ဝ ရှိပြီးတပိဿာကို ၁ဝ ကျပ်ဈေးကျဆင်းသွားပါတာ်။

မြင်းခြံကုန်စည်ဒိုင်မှာတာ့ တစ်ပိဿာကို ၁၇၉ဝ ကနေ ၁၈ဝဝ ရှိပြီး မန္တလေး နဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၄ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013