DVB Logo
Home
မြန်မာသတင်း
တရုတ် အ၀ယ်ရပ်သဖြင့် စပါးဈေးထိုးကျ၊ ပြည်မြို့နယ် တောင်သူများ အရှုံးပေါ်
DVB
·
October 20, 2018
တရုတ် အ၀ယ်ရပ်သဖြင့် စပါးဈေးထိုးကျ၊ ပြည်မြို့နယ် တောင်သူများ အရှုံးပေါ်
Donate to DVB

တရုတ်ပြည်က အဝယ်ရပ်လိုက်တာကြောင့် စပါးဈေးထိုးကျသွားပြီး အရှုံးပေါ်နေတယ်လို့ ပြည်မြို့နယ် တောင်သူတွေက ပြောပါတယ်။

ပြည်မြို့နယ်ထဲက တောင်သူတွေ အခုရက်ပိုင်းတွေမှာ မိုးစပါးစထွက်နေပြီး  ဈေးနှုန်းက ၅၀၀၀၀၀ နဲ့ ၅၇၀၀၀၀ ကျပ်ဝန်းကျင်မှာပဲ ဈေးဖွင်းထားပေမယ့် အမှန်တကယ်ဝယ်ယူမယ့်သူ မရှိဖြစ်နေကြပါတယ်။ မနှစ်ကလည်း ဈေးကောင်းမရခဲ့ကြပေမယ့် အထွက်ကောင်းတဲ့အတွက် ခံသာပေမယ့် အခုနှစ်က အထွက်လည်း မကောင်းဘူးလို့ ဂွကန်ကျေးရွာတောင်သူ ဦးဖိုးဇော်က ပြောပါတယ်။

အခုမိုးစပါးက ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကတည်းက တချို့လယ်တွေ ထွက်နေပြီး ဈေးတက်လာလိမ်မယ်လို့ မျှော်လင့်ပေမယ့် ခြောက်သိန်းဈေးနဲ့ ဝယ်ယူထားတဲ့ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူတွေလည်း အရှုံးတွေ့နေပြီလို့ အောင်မြန်မာဆန်စက်မှ ဦးကျော်ဝင်းသန်းက ပြောပါတယ်။

ပြည်မြို့နယ်ဘက်တွေမှာ ဆင်းသွယ်လတ်၊ ကရင်မ၊ ရတနာတိုး၊ မှော်ဘီ၊ အင်းမ တွေ စိုက်ပျိုးကြပြီး ကရင်မနဲ့ ရတနာတိုးက တရုတ်ပြည်ကိုတင်ပို့ဖို့ စိုက်ပျိုးကြတာပါ။ အခုဆိုရင် မှော်ဘီမျိုးပါ တရုတ်ကိုစတင်တင်ပို့နေပြီဖြစ်ပေမယ့် တရုတ်က ၁ဝ လပိုင်းကစပြီး အဝယ်ရပ်တန့်လိုက်တာကြောင့် ကုန်သည်အငယ်စားတွေအများစု ဒုက္ခရောက်ကြပေမယ့် ကုန်သည်ကြီးတွေကတော့ ထိခိုက်မှုမရှိဘူးလို့ ပြည်မြို့နယ် စပါးပွဲစား ကိုလင်းလင်းက ပြောပါတယ်။

“အရင်နှစ်က စပါးဈေး ၄ သိန်း ကျော်ကျော်ပဲ ရခဲ့ပြီး အခု ၅ သိန်းခွဲဈေးက ကမ္ဘာ့ဆန်ဈေးကွက်နဲ့ ယှဉ်ရင် ဈေးကောင်းရတယ်လို့ ပြောရမှာပါ။ နိုင်ငံတော်က သတ်မှတ်ထားတာကလဲ မွိုက်ချာလွတ်ကို ၅ သိန်းပဲရှိတာကြောင့် သူတို့အခုရတဲ့ဈေးက မရှုံးနိုင်ဘူး” လို့ ပြည်မြို့ ကုန်စည်ဒိုင်အမှုဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် တရုတ်ကိုပို့တာကလည်း  တရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။  ပြည်မြို့နယ်ထဲမှာ အခုနှစ်မိုးစပါးစိုက်ပျိုး ဧက ၇၄၉၅၂ ဧက ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013