DVB Logo
Home
မြန်မာသတင်း
ဂရိတ်ဝေါ ပုလဲသွယ်စပ်မျိုးစပါးကိစ္စ အမြန်ဖြေရှင်းပေးရန် ရွှေဘိုမြို့နယ်တောင်သူများ တောင်းဆို
DVB
·
October 20, 2018
ဂရိတ်ဝေါ ပုလဲသွယ်စပ်မျိုးစပါးကိစ္စ အမြန်ဖြေရှင်းပေးရန် ရွှေဘိုမြို့နယ်တောင်သူများ တောင်းဆို
Donate to DVB

ဂရိတ်ဝေါကုမ္ပဏီက ဖြန့်ဖြူးတဲ့ GW 1 ပုလဲသွယ်စပ်မျိုးစပါးနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ရွှေဘိုမြို့နယ်တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ပုလဲသွယ်အထွက်တိုး စပ်မျိုးစပါးတွေကို ကုမ္ပဏီ၊ စိုက်ပျိုးရေးဌာနတို့က ဖြန့်ဖြူးခဲ့တာပါ။

မျိုးစေ့မမှန်တာ၊ အပင်ပေါက်မစုံတာ၊ မျိုးမသန့်တာ၊ ပိုးမွှားဒဏ်မခံနိုင်တာ၊ အာမခံချက်နဲ့ မကိုက်ညီတာ၊ အထွက်နှုန်းလျော့နည်းတာတွေကြောင့် ဒီပဲယင်း၊ ရွှေဘိုမြို့နယ်က တောင်သူတွေ စုပေါင်းကာ ဆန္ဒပြတဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က စုံစမ်းရေးအဖွဲ့ဖွဲ့ကာ ၁ လကြာစစ်ဆေးစေခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်က တောင်သူ ၃ဝဝ ကျော်ရဲ့ ဧက ၁၄ဝဝ ကျော်အတွက် ၁ ဧက ၁ သိန်းကျပ်နှုန်းနဲ့ ကုမ္ပဏီက ပေးလျော်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်က ကျေးရွာ ၂၁ ရွာက ဧက ၄ဝဝဝ ကျော်အတွက်ကိုတော့ စက်တင်ဘာ ၇ ရက်နေ့ကပဲ ဝန်ကြီးချုပ်ဦးဆောင်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေပါဝင်တဲ့အဖွဲ့က ဒေသခံတွေနဲ့တွေ့ဆုံကာ စက်တင်ဘာလအတွင်း ပြေလည်အောင် ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာလ တတိယပတ်ရောက်သည်အထိ တစုံတရာ ဆက်သွယ်ဆောင်ရွက်တာ မရှိသေးတဲ့အတွက် ရွှေဘိုမြို့နယ် ကျေးရွာအချို့က တောင်သူတွေက အောက်တိုဘာ ၂ဝ ရက်နေ့မှာ မုံရွာမြို့ ချင်းတွင်းအင်စတီကျူ့ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

“အကြိမ်ကြိမ်စာတင်တယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်းလာတယ်။ သက်ဆိုင်ရာတွေကလည်း ကွင်းဆင်းတယ်။ ဖြေရှင်းပေးမယ်ဆိုပြီး အခုထိ မဖြေရှင်းပေးဘူး။ အရင်က ဒီမျိုးစပါးက သူတို့ပြောတဲ့အတိုင်း မျိုးစေ့မှန်လို့ ဘာမှမဖြစ်ခဲ့ဘူး။ အခုဒီနှစ်ကျမှ မျိုးစေ့မမှန်လို့ နစ်နာဆုံးရှုံးမှုတွေဖြစ်ရတာ။ ဝန်ကြီးချုပ် ကတိပေးထားတဲ့အတိုင်း အမြန်ဆုံး ဖြေရှင်းပေးစေချင်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်” လို့ တောင်သူ ဦးကျော်စွာဝင်းက ပြောပါတယ်။

ရွှေဘိုမြို့နယ်က တောင်သူတွေအနေနဲ့ ဒီပဲယင်းမြို့နယ်က တောင်သူတွေနည်းတူ သူတို့ရဲ့ နစ်နာမှုတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ပေးစေလိုပြီး နောက်ထပ် ဒီလိုမဖြစ်ပေါ်ဖို့အတွက်လည်း ထိထိရောက်ရောက် သက်ဆိုင်ရာအဆင့်ဆင့်ကို ဥပဒေအတိုင်း အရေးယူပေးစေချင်တယ်လို့ ပြောပါတယ်။

ထူးခြားမှုမရှိရင် ဆန္ဒဖော်ထုတ်ပွဲတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်ကတောင်သူတွေမှာလည်း ၁ ဧက ၁ သိန်းနစ်နာကြေးရပေမယ့် မျိုးစေ့ဖိုးပေးချေထားတဲ့ ငွေတွေတော့ ပြန်မပေးသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013