DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး အစိုးရဆောင်ရွက်ချက်များ စုံစမ်းရေးကော်မရှင်ကို ရှင်းပြ
DVB
·
August 21, 2012
ရခိုင်အရေး အစိုးရဆောင်ရွက်ချက်များ စုံစမ်းရေးကော်မရှင်ကို ရှင်းပြ
Donate to DVB

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

[caption id="attachment_29565" align="alignleft" width="300" caption=" ဒေါ်သန်းသန်းနု"][/caption]

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်းက ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ နယ်စပ်ရေးရာဝန်ကြီး ဒု - ဗိုလ်ချုပ်ကြီးသိန်းဌေးက သူတို့ ဆောင်ရွက်နေတဲ့ ရခိုင်အရေးကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သူတို့ အကြိမ်ကြိမ်သွားတဲ့အခါမှာ တွေ့ကြုံခဲ့ရတာကို ဓာတ်ပုံတွေနဲ့ရော စာရင်းအင်း အချက်အလက်တွေနဲ့ရော အကုန်လုံး ရှင်းပြသွားတာပေါ့။ ကျမတို့လည်း ကိုယ်မသိတာတွေ အချက်အလက်တွေသိရတယ်။ သူတို့ကို ပြန်လည်နေရာချထားရေး လုပ်တဲ့အခါမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ၀င်ရောက် ကူညီပေးတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း စားနပ်ရိက္ခာတွေ ပေးတယ်။ ပြန်လည်နေရာချထားရေး လုပ်တဲ့အခါမှာ တခြား အချိန်တွေကနဲ့ မတူဘဲနဲ့ နိုင်ငံတကာ အဆင့်နဲ့ မီအောင် လုပ်ပေးနေတဲ့အကြောင်း ပြောပြသွားတယ်။”

ကော်မရှင်ဘက်ကလည်း သွားရေးလာရေး၊ လုံခြုံရေးကိစ္စတွေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့  ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါ်သန်းသန်းနုက ပြောပြပါတယ်။

“ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ကလည်း တယောက်နဲ့ တယောက် ပွင့်လင်းမှုရှိဖို့၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ဆုံးတန်းတင်ဖို့ပေါ့။ ကော်မရှင်ထဲမှာကပဲ အဖွဲ့ဝင်တွေက လူတန်းစားအမျိုးအမျိုး အလွှာအသီးသီးကပါတယ်လေ။ ပညာရှင်တွေလည်း ပါတယ်၊ ဘာသာရေးခေါင်းဆောင်တွေလည်းပါတယ်။ ကိုယ့်ဘက်ကို ဆွဲပြီးတော့ ကိုယ့်အမြင် အယူအဆနဲ့ မလုပ်ဖို့၊ အများကတင်ပြပါတယ်။ အကုန်လုံးအစတည်းကနေ ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း၊ တယောက်နဲ့ တယောက် ညှိညှိနှိုင်းနှိုင်း နဲ့အလုပ်လုပ်သွားဖို့ ဒါလေးပြောတာပါ။”

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦးနဲ့ ဩဂုတ် ၁၇ ရက်မှာ သမ္မတက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ပထမအကြိမ် အစည်းအဝေးပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး၊ အခုတခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးနဲ့ ရခိုင်အရေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်မပြုတဲ့အတွက် သတင်းဂျာနယ်သတင်းထောက်တွေ သတင်းယူခွင့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013