DVB Logo
Home
မြန်မာသတင်း
အင်းလေး ခရမ်းချဉ်သီးစိုက်တောင်သူများ အရှုံးပေါ်နေ
DVB
·
October 20, 2018
အင်းလေး ခရမ်းချဉ်သီးစိုက်တောင်သူများ အရှုံးပေါ်နေ
Donate to DVB

ကုန်းစိုက် ​​ခရမ်းချဉ်သီးတွေ များလာပြီး ဈေးနှုန်းကျလာတာကြောင့် အင်း​လေး​ဒေသထွက်​ ခရမ်းချဉ်​သီးစိုက်တောင်သူ အရှုံး​ပေါ်နေပါတယ်။

အင်း​လေး​ဒေသထွက်​ကုန်တခုဖြစ်တဲ့ အင်းခရမ်းချဉ်​သီးကို မြန်​မာပြည်​အထက်​ပိုင်းဖြစ်​တဲ့ မန္တ​လေး၊ စစ်​ကိုင်း၊ ကချင်​ပြည်​နယ်​​တွေကို အဓိက တင်​ပို့​ရောင်းချခဲ့ကြပေမယ့် လက်ရှိမှာ ပြည်တွင်ဒေသတော်တော်များများမှာ ခရမ်းချဉ်သီး အစိုက်​များလာတာကြောင့် အင်း​လေး​ရေ​ပေါ်စိုက်​ ခရမ်းချည်​သီးတွေ​ ဈေးကျလာတာကြောင့် အင်းလေးထဲက ခရမ်းချဉ်သီး စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေဟာ အရှုံး​ပေါ်​နေတာလို့ ကျော်ဝင်းခရမ်းချဉ်သီးပွဲရုံပိုင်ရှင်က ပြောပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်းမှာ ရာသီဥတု ​ဖောက်​ပြန်​မှုတွေကိုလည်း ကြုံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ​အောင်​ပန်း၊ ရွာငံ၊ ပင်းတယ ​ဒေသက ကုန်း​ပေါ်စိုက်​ခရမ်းချဉ်​သီး​တွေ များပြားလာပြီး ခရမ်းချဉ်သီး​ဈေးတည်​ငြိမ်​မှု မရှိ​တော့တာကြောင့် အင်း​လေး​ဒေသထွက် ​ခရမ်းချည်​သီး ​ဈေးနှုန်းပါ ရိုက်​ခတ်​လာတယ်​လို့ ပွဲရုံ​တွေက ဆိုကြပါတယ်​။

ဈေးနှုန်းမတည်​ငြိမ်​တဲ့အတွက်​ ပြီးခဲ့တဲ့ တပတ်​​လောက်​က ခရမ်းချည်​သီး ၁ ​ပိဿာကို ၂ဝဝ ကျပ်​​အောက်​အထိ ကျဆင်းခဲ့ပြီး အခုရက်​ပိုင်းမှာမှ ဈေးအနည်းငယ် ပြန်တက်လာတယ်လို့ ဇော်ခရမ်းချဉ်သီးပွဲရုံပိုင်ရှင် ဦးသိန်းဇော်က ပြောပါတယ်။

လက်ရှိမှာ ခရမ်းချဉ်သီး ၁ ​ပိဿာကို ၆ဝဝ ကျပ်​နဲ့ ​ရောင်းချ​နေပြီး  အလုပ်​သမားခ၊ သယ်​ယူစရိတ်​၊ သေတ္တာအခွံစတဲ့ စရိတ်တွေ ပြန်​ထည့်တွက်ရင် ​ အရှုံး​ပေါ်​နေ​သေးတယ်​လို့ ပွဲရုံ​တွေက ဆိုပါတယ်​။

ဒါ့အပြင်ရာသီဥတု ​ဖောက်​ပြန်​တဲ့အတွက်​ အပျက်​စီးတွေလည်းများသလို ​မြေသြဇာ၊ ပိုးသတ်​​ဆေး​တွေ ​ဈေးတက်​​တော့ ​ခရမ်းချဉ်​သီးစိုက်​​တောင်​သူ​တွေလည်း အခက်​​တွေ့​နေပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013