DVB Logo
Home
မြန်မာသတင်း
အတိုးနှုန်းမြင့်မားမှုကြောင့် အိမ်ယာချေးငွေ မယူနိုင်ကြခြင်းဖြစ်ဟုဆို
DVB
·
October 20, 2018
အတိုးနှုန်းမြင့်မားမှုကြောင့် အိမ်ယာချေးငွေ မယူနိုင်ကြခြင်းဖြစ်ဟုဆို
Donate to DVB

လက်ရှိမြန်မာနိုင်ငံရဲ့ အိမ်ယာချေးငွေ အတိုးနှုန်း ဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းများနေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ယာချေးငွေ မယူနိုင်ကြသေးဘူးလို့ အိမ်ခြံမြေကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေ အိမ်ရာပိုင်ဆိုင်နိုင်ဖို့အတွက် ဘဏ်နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ ချိတ်ဆက်ပြီး ဘဏ်ချေးငွေနဲ့ နှစ်ရှည်အိမ်ရာစီမံကိန်းတွေကို ရောင်းချနေတာပါ။

ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်ရာမှာ အိမ်ယာချေးငွေအတွက် ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းက တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အင်မတန်များနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ယာချေးငွေမယူနိုင်ကြတာလို့ Imyanmar house .com ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

ဘဏ်တွေအနေနဲ့ကတော့ ကုမ္ပဏီတွေနဲ့ အိမ်ယာချေးငွေအတွက် ချိတ်ဆက်ဆောင်ရွက်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ အတိုးနှုန်းကောက်ခံသွားတာဖြစ်ပြီး ပြည်သူအားလုံး အိမ်ရာပိုင်ဆိုင်ခွင့်ရအောင် ဆောင်ရွက်နေတာလို့ ရိုးမဘဏ် အိမ်ယာချေးငွေဌာနကတာဝန်ခံ ကိုကျော်လင်းဦးက ပြောပါတယ်။

ကွန်ဒို၊ လုံးချင်းအိမ်၊ မြေဝယ်ယူခြင်းနဲ့ တိုက်ခန်းဝယ်ယူခြင်းတို့အတွက်ကို အိမ်ယာချေးငွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လျှောက်ထားလို့ရပြီး အတိုးနှုန်းက တနှစ်ကို ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

ရိုးမဘဏ်အနေနဲ့ အိမ်ယာချေးငွေလျှောက်ထားရာမှာ တိုက်ခန်း တန်ဖိုးကျပ်သိန်း ၃ဝဝ အထက် ရှိရမှာဖြစ်ပြီး ၃ဝ ရာနှုန်းကို လက်ငင်းချေရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းကို ဘဏ်ကနေ ၁၅ နှစ်အရစ်ကျနဲ့ ချေးပေးသွားမှာပါ။

ကွန်ဒိုနဲ့ လုံးချင်းတွေကတော့ ကျပ်သိန်း ၆၅ဝ နဲ့အထက်ရှိရမှာဖြစ်ပြီး ဘဏ်မှ ၇ဝ ရာခိုင်နှုန်းကို ၂၅ နှစ်ထိ အရစ်ကျ ထုတ်ချေးပေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013