DVB Logo
Home
မြန်မာသတင်း
မသွယ်​ဇင်​ငြိမ်းအတွက် ဝမ်းနည်း​ကြောင်း ကရုဏာစာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့
DVB
·
October 20, 2018
မသွယ်​ဇင်​ငြိမ်းအတွက် ဝမ်းနည်း​ကြောင်း ကရုဏာစာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့
Donate to DVB

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​လေယာဉ်​စထိမှန်​ပြီး ​သေဆုံးခဲ့တဲ့ မသွယ်​ဇင်​ငြိမ်းရဲ့မိဘတွေထံ ​အောက်​တိုဘာလ ၁၈ ရက်​နေ့ ရက်​စွဲနဲ့ ဝမ်းနည်းကြာင်း ကရုဏာစာကို​ အောက်​တိုဘာ ၁၉ ရက်​​နေ့ည​နေပိုင်းက သီးခြား​ပေးပို့ခဲ့တာပါ။

မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်​ကြား​ရေးမှူး ဦးတင်​ဝင်း​ရွှေက “နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံဆီက​နေ ​လေယာဉ်​စထိမှန်​ ​သေဆုံးခဲ့တဲ့ မသွယ်​ဇင်​ငြိမ်းအတွက်​ ဝမ်းနည်း​ကြောင်း ကရုဏာစာကို ​အောက်​တိုဘာလ ၁၉ ရက်​​နေမှာ အမြန်​​ချောပို့နဲ့ပို့​ပေးတာပါ။ က​လေးမ​လေးရဲ့ မိဘ​တွေဆီ အိမ်​တိုင်​ရာ​ရောက်​ သွား​ပေးခဲ့ပါတယ်​။ တိုင်း​ဒေသကြီး အစိုရအဖွဲ့က​တော့ ဖြစ်​တဲ့​နေ့မှာပဲ အား​ပေးစကား​ပြော လူမှုကရုဏာ​ကြေး​တွေ ​ထောက်​ပံ့​ပေးခဲ့တယ်​” လို့ ​ပြောပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီး အစိုးရရုံးက ဦးစီအရာရှိ ဦးစို​ကျော်​ထွန်းက “စာတိုက်​က​နေ အမြန်​​ချောပို့နဲ့ပို့လို့ ​နောက်​ကျ​နေတာပါ။ အောက်​တိုဘာ ၁၉ ရက်​​နေ့က စာရရချင်းပဲ တာဝန်​ရှိသူ​တွေ သွား​ရောက်​ပြီး မသွယ်​ဇင်​ငြိမ်းရဲ့ မိဘ​တွေဆီ သွားပို့ပြီးပါပြီ” လို့ဆိုပါတယ်​။

F-7 တိုက်​​လေယာဉ်​ နှစ်​စီး ပျက်​ကျ​သေဆုံးခဲ့တဲ့ မ​ကွေးလေတပ်​စခန်း ဌာနချုပ်​မှ ဗိုလ်​ကြီးဖြိုး​မောင်​နဲ့ ဗိုလ်​ကြီးဟိန်းသူ​အောင်​တို့အတွက်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံက ဝမ်းနည်း​ကြောင်း ကရုဏာစာကို ​အောက်​တိုဘာ ၁၈ ရက်​​နေမှာ ​ပေးပို့ခဲ့တာပါ။

လေယာဉ်​စထိမှန်​​သေဆုံးခဲ့တဲ့ ပဉ္စမတန်း​ကျောင်းသူ​လေး မသွယ်​ဇင်​ငြိမ်း အမည်​မပါရှိတဲ့ အတွက်​ Facebook လူမှုကွန်​ရက်​စာမျက်​နှာနဲ့ ပြည်​သူလူထု ကြားထဲမှာ ​ဝေဖန်​မှု​တွေ မြင့်​တက်​ခဲ့ပါတယ်​။

မင်းဘူးစကုမြို့နယ်​မှာ ​အောက်​တိုဘာလ ၁၆ ရက်​​နေ့ နံနက်​က တိုက်​​လေယာဉ်​ နှစ်​စီးပျက်​ကျပြီး ​လေယာဉ်​မှူး ၂ ဦးနဲ့ စာ​မေးပွဲ​ဖြေဆိုရန်​ စာကျက်​​နေတဲ့ ပဉ္စမတန်း ​ကျောင်းသူ​လေး တဦး​သေဆုံးခဲ့တာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013