DVB Logo
Home
မြန်မာသတင်း
ဖဲကြွေးဆပ်ရန် ၃ လသား ကလေးအား ရောင်းစားခဲ့သည့် မိခင်ကို ဖမ်းဆီး
DVB
·
October 20, 2018
ဖဲကြွေးဆပ်ရန် ၃ လသား ကလေးအား ရောင်းစားခဲ့သည့် မိခင်ကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ မိခင်အရင်းဖြစ်သူက ဖဲကြွေးဆပ်ဖို့ ၃ လသား ကလေးငယ်ကို တရုတ်ငွေ ယွမ် ၅ဝဝဝ နဲ့ ရောင်းစားခဲ့တာကြောင့် အောက်တိုဘာ ၁၈ ရက်နေ့က အမှုဖွင့် အရေးယူထားတယ်လို့ လွယ်ဂျယ်နယ်မြေရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့ ရပ်ကွက် ၁ နေ ဦးအေးမင်း (ယာဉ်မောင်းလုပ်ကိုင်သူ) က လွယ်ဂျယ်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်စိတ် ၂ ရုံးကို လာရောက်ပြီး နေအိမ်အောက်ထပ်မှာ ငှားရမ်းနေထိုင်တဲ့ မမိုးမိုးဟာ သူ့ကလေး ၃ လသားကို ရှမ်းရွာမှာ ယွမ် ၅ဝဝဝ နဲ့ ရောင်းစားခဲ့တယ်လို့ လာရောက်တိုင်ကြားခဲ့တာပါ။

အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က အိမ်နီးချင်းဖြစ်သူ မမဲသီ (ခ) မနှင်းထံကို မမိုးမိုးက သူ့ကလေးနဲ့အတူ တရုတ်နိုင်ငံ လားရင်းမြို့ရှိ ယွမ် ၂ဝ တန်ဆိုင်မှာ ဈေးဝယ်စဉ် တရုတ်မတဦးက ထိန်းထားမယ်ပြောပြီး ခေါ်ဆောင်ထွက်ပြေးသွားတယ်လို့ ပြောကာ ဖုန်းချသွားတယ်၊ ည ၉ နာရီမှာ မမိုးမိုးတို့လင်မယား သူ့ဆီရောက်နေကြောင်း မမဲသီ ဖုန်းပြန်ဆက်လို့ ည ၁၂ နာရီမှာ ကိုယ်တိုင်အိမ်ကိုခေါ်လာပြီး အောက်ထပ်မှာ ပြန်အိပ်စေခဲ့တယ်၊ မနက် ၃ နာရီခွဲအချိန်ရောက်တော့ မမိုးမိုးထွက်ပြေးသွားတာကြောင့် အိမ်ရှင် ဦးအေးမင်းက တိုင်ကြားခဲ့တာပါ။

ရဲတပ်ဖွဲ့က လွယ်ဂျယ်-ဗန်းမော်သွားလမ်းရှိ စိန်လုံ ပူးပေါင်းစစ်ဆင်ရေးဂိတ်ကို ဆက်သွယ်ရှာဖွေရာမှာ ည ၉ နာရီလောက် ဗန်းမော်စတား ခရီးသည်တင်ယာဉ်ပေါ် မမိုးမိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မမိုးမိုးရဲ့ ထွက်ဆိုချက်အရ တရုတ်မှာ ဖဲရှုံးပြီးကြံရာမရတဲ့အတွက် ၃ လသား ကလေးကို တုန်ဟုန်းကျေးရွာရှိ ဦးရာပါအင်+ဒေါ်ပီကြည်ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ကလေးရောက်နေတဲ့ တုန်ဟုန်းကျေးရွာဟာ KIA ထိန်းချုပ်နယ်တွင်းရှိပြီး တရုတ်နိုင်ငံ နောင်ဟုန်းကျေးရွာနဲ့ နယ်မြေထိစပ်နေတဲ့အတွက် ကလေးငယ်အား ပြန်လည်ကယ်တင်ဖို့ တရုတ်နိုင်ငံ လားရင်း ရဲတပ်ဖွဲ့အကူအညီနဲ့ နောင်ဟုန်းကျေးရွာမှာ ညှိနှိုင်းခဲ့ရာ ညနေ ၅ နာရီမှာ ကလေးကို ပြန်လည်ရရှိခဲ့ပြီး လွယ်ဂျယ်ရုံးတပ်ဖွဲ့စိတ်မှူး ဒုရဲမှူး အောင်လှိုင်က မောင်သုတအောင်ကို ဖခင်ဖြစ်သူထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။

သားအရင်းအား ရောင်းစားခဲ့တဲ့ မမိုးမိုးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013