DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များ ကိုယ့်ရပ်ရွာတွင် အေးချမ်းဖွံ့ဖြိုးစွာ နေနိုင်ရေး ကြိုးစားပေးမည်ဟု အတိုင်ပင်ခံပြော
DVB
·
October 20, 2018
စစ်ဘေးရှောင်များ ကိုယ့်ရပ်ရွာတွင် အေးချမ်းဖွံ့ဖြိုးစွာ နေနိုင်ရေး ကြိုးစားပေးမည်ဟု အတိုင်ပင်ခံပြော
Donate to DVB

ပြည်သူတွေ နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတာကို မနှစ်မြို့ဘဲ ကိုယ့်ရပ်ရွာမှာ အေးအေးချမ်းချမ်း ဖွံ့ဖြိုးတိုးတက်စွာ နေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၉ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေ့ချင်းပြန်ခရီးစဉ်အတွင်း စိန့်ဂျိုးဇက် ယာယီကယ်ဆယ်ရေးစခန်းနဲ့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ နှစ်ခြင်းအသင်းတော်က နေရပ်စွန့်ခွာသူများ ယာယီကယ်ဆယ်ရေးစခန်းမှာ ကျင်းပတဲ့ ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။

“ကျမတို့အနေနဲ့ ဒီလိုနေရပ်စွန့်ခွာသွားတဲ့ ပြည်သူပြည်သားများ ဒီလိုစခန်းမှာ နေနေရတာကို လုံးဝမနှစ်မြို့ပါဘူး။ အမြန်ဆုံးကိုယ့်ရပ်ကိုယ့်ရပ်ရွာမှာ အေးအေး ချမ်းချမ်းဖွံ့ဖြိုးတိုးတက်စွာ နေနိုင်ဖို့အတွက်ပဲ လိုလားပါတယ်။ ဒီအတွက်လည်း အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ ကြိုးစားတဲ့နေရာမှာလည်း ကာယကံရှင်များ ကိုယ်တိုင် က ဝိုင်းဝန်းပြီးကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။”

ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပြဿနာရှိပါက ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တယ်လို့ ပြောပါတယ်။

“ပြည်နယ်အစိုးရကလည်း အင်မတန်မှ အဓိကကျပါတယ်။ စခန်းတွေမှာ ပြဿနာတွေရှိရင် ပြည်နယ်အစိုးရက ပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်ပါတယ်။ ပြဿနာရှိတာကို ဖုံးထားလို့လည်း ပြဿနာက ပျောက်သွားမှာမဟုတ်ပါဘူး။ မကျေနပ်မှုတွေကို ဘာမှမပြောဘဲနဲ့ ဖုံးထားလို့လည်း ပျောက်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်ချက်တွေရှိရင် ပြည်နယ်အစိုးရနဲ့" ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးပါ။ ဆွေးနွေးပြီးတော့ ဒီဟာတွေကို ဖြေရှင်းပေးလို့ရပါတယ်။”

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း လွှဲပြောင်းလှူဒါန်းပွဲကိုလည်း တက်ရောက်ခဲ့ကာ မူးယစ်ဆေးဝါးပြတ်ပြီးတဲ့သူတွေကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကူညီပေးရမှာဖြစ်ပြီး ဆေးသုံးလို့ ထောင်ထဲထဲ့နေရင်တော့ ထောင်တွေပဲ ကျပ်ကုန်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013