DVB Logo
Home
မြန်မာသတင်း
မဟာချိုင်ဈေးကြီးတွင် မြန်မာအလုပ်သမား ၆၀၀ ကျော် စစ်ဆေးခံရ
DVB
·
October 19, 2018
မဟာချိုင်ဈေးကြီးတွင် မြန်မာအလုပ်သမား ၆၀၀ ကျော် စစ်ဆေးခံရ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ တလတ်ကုန့် (ပုစွန်ဈေး) မှာ  ကနေ့ မနက် ၆ နာရီလောက်က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်လာပြီး အလုပ်သမားပေါင်း ၆ဝဝ ကျော်ကို ထိန်းချုပ်စစ်ဆေးခဲ့ပါတယ်။

နယ်မြေတွင်း တရားမ၀င်အလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ပပျောက်ရေးအတွက် အမှတ် ၇ တိုင်းဒေသရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဒီကနေ့မနက်က နယ်မြေခံရဲ၊ လ၀က၊ အုပ်ချုပ်ရေး နဲ့ စစ်တပ်တို့ ပူးပေါင်းပါဝင်တဲ့ အင်အား ၁၀၀ ကျော်ဟာ မဟာချိုင် ပုစွန်ဈေးမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆမွတ်ဆာခွန်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆာမတ် ဆရီဆီဘွန်းချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေဟာ မြန်မာအလုပ်သမားပေါင်း ၆၂၃ ဦး (ကျား ၃၆၉ ဦး + မ ၂၅၄ ဦး ) တို့ကို အလုပ်သမားကတ်၊ နေထိုင်ခွင့်အထောက်အထားတွေ စစ်ဆေးခဲ့တဲ့အပြင် အမျိုးသားတွေ ကိုလည်း ဆီးစစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ စစ်ဆေးခဲ့ပါတယ်။

အဆိုပါစစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်သူ ၉ ဦး (ကျား ၈ ဦး + မ ၁ ဦး ) နဲ့ မူးယစ်ဆေးသုံးစွဲသူ အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသုံးမှုနဲ့ အဖမ်းခံရသူ ၂ ဦးမှာ ချောင်းဆိုးပျောက်ဆေးနဲ့ ဆေးခြောက် ရောနှောထားတဲ့ မူးယစ်ဆေး ၁၅ လီ တာကိုပါ သက်သေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကလည်း ဆမွတ်ဆာခွန်း နဲ့ ဆမွတ်ပရကန်မြို့နယ်တွေမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား အများစု ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013