DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော် ကိုယ်တိုင်ဂစ်တာတီး သီဆိုထားသည့် ပျော်နေပါသီချင်း ကြည့်ရှုသူ ၃ သိန်းခန့်ရှိ (ရုပ်သံ)
DVB
·
October 19, 2018
နီနီခင်ဇော် ကိုယ်တိုင်ဂစ်တာတီး သီဆိုထားသည့် ပျော်နေပါသီချင်း ကြည့်ရှုသူ ၃ သိန်းခန့်ရှိ (ရုပ်သံ)
Donate to DVB

“ဘာအတွက်ကြောင့်များ င့ါကို… ဒဏ်ရာတွေနဲ့ မင်း ဘဝဆက်စေလဲ… ဒါဟာ မင်းအချစ်ဆို… ကိုယ်ခံယူပါမယ်... သူပျော်နေဖို့ အရေးကြီးတာပါ… နာသူအတွက် လှည့်ကြည့်ဖို့ မလိုပါ… လိုနေသမျှတွေ ဖြည့်စွမ်းဖို့ ကြိုးစားရင်း… အဝေးကချစ်နေ…”

ဒီသီချင်းကတော့ တေးရေး ကိုစုရေးစပ်ထားပြီး တေးသံရှင် Eddie သီဆိုခဲ့တဲ့ သီ ချင်းတပုဒ်ဖြစ်ပြီး သိပ်မကြာခင်ကတော့ တေးသံရှင်ကောင်းကောင်းက ပြန်လည်သီဆိုထားကာ နာမည်ကြီးတဲ့ သီချင်းလေးတပုဒ်ပါ။

ကိုယ့်ရဲ့ ချစ်သူအတွက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေနဲ့ လှပတဲ့ စာသားတွေနဲ့ ရေးစပ်ထားတဲ့ ဒီသီချင်းကို ခုတခါမှာတော့ နာမည်ကြီး တေးသံရှင်တဦးဖြစ်တဲ့ နီနီခင် ဇော်ရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။

“ငါအစွမ်းကုန်ချစ်ခဲ့တယ်… ရင်ခုန်သံတိုင်းမင်းအတွက်ဖြစ်စေတယ်… မချစ်မှန်း သိတောင်… မငြိုငြင်ခဲ့... ဘယ်လိုလူနဲ့အစားထိုးမှာလဲ… ဘယ်လိုချစ်ခြင်း မင်းအတွက် ပြည့်စုံမယ်… ချစ်နေမိတာ… မှားနေလည်းလေ… မပြင်တော့ဘူး… ချစ်သူ…”

နီနီခင်ဇော်ဟာ The Best of Melody World 2018 သီချင်းဆိုပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့ပြီးနောက်မှာ ဂီတလောကထဲကို ခြေချခဲ့တာဖြစ်ပြီး တကိုယ်တော်တေးအယ်လ် ဘမ်တွေမှာရော၊ အတွဲခွေပေါင်းများစွာမှာပါ သီဆိုအောင်မြင်ခဲ့တဲ့ တေးသံရှင်တဦးဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ အပျော်တမ်း ဂစ်တာတီးပြီး ပြန်လည်သီဆိုခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။ လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့တာဖြစ်ပါတယ်။

“နာကျင်စရာ သူပြောတဲ့စကားတွေ… မနာနိုင်အောင်ကိုယ်ချစ်မိနေတော့… ပြန်မ လာတောင် နောက်ဆုံးအပြုံးလေးနဲ့… နှုတ်ဆက်ပေးပါ… ကိုယ် ငိုချင်လို့… ငိုနေတောင် ကိုယ် ပြုံးပြပါ့မယ်… ပျော်နေပါ… ကိုယ်ချစ်တဲ့ ငှက်ကလေး… အဆင်ပြေသွားအောင်… ကိုယ့်ရဲ့ အသည်းကို… ခွဲပေးလိုက်ပါတယ်…”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013