DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပြင်/မြေပြင် ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်
DVB
·
October 19, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပြင်/မြေပြင် ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်
1 / 2
Donate to DVB

 



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ ညှိနှိုင်းပြီး ရေပြင်/မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က မောင်တောမြို့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးအဖွဲ့မှ ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၂) ပါ ၂ စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Shaik Adul Jalil ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၂ ဦးပါ စက်တပ်ရေယာဉ် ၂ စီးနဲ့ လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီးမှာ တွေ့ဆုံပြီး ရေယာဉ် ၄ စီးနဲ့ နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ပြိး သဲချောင်း ချောင်းဝအနီး ရေမိုင် အမှတ် ၁၈ အရောက်မှာ ရေယာဉ်အမှတ် (၀၀၂) ပေါ်မှာ နှစ်ဖက် ညှိနှိုင်း ကင်းလှည့်အဖွဲ့တွေ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူ မောင်တောမြို့နယ်၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မြင့်မောင် ဦးစီးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အမှတ်(၁၁) BGB တပ်ရင်း Bhalukhaiya ကင်းစခန်းမှ Subedar Md. Abu Hanif ဦးစီးအဖွဲ့တို့ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၈ ကနေ ၄၉ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်းပြီး မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013