DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့နယ်အတွင်း ဆင်မုဆိုး ၃ ဦးကို ဆင်သတ်လက်နက်များဖြင့် ဖမ်းမိ
DVB
·
October 19, 2018
ပုသိမ်မြို့နယ်အတွင်း ဆင်မုဆိုး ၃ ဦးကို ဆင်သတ်လက်နက်များဖြင့် ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တော်ပင်ကျေးရွာမှာ ဆင်မုဆိုး ၃ ဦးကို ဆင်သတ်ရာမှာ အသုံးပြုတဲ့ တူမီးသေနတ်၊ ဓားအပါအ၀င် ပစ္စည်း ၂၇ မျိုးနဲ့အတူ အောက်တိုဘာ ၁၈ နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ပုသိမ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ကို အခုရက်ပိုင်းအတွင်း တောဆင်ရိုင်းအကောင် ၂၀ လောက် ဝင်ရောက်နေတာကြောင့် တာဝန်ရှိသူတွေဟာ တောဆင်ရိုင်းတွေကို သလပ်ခွါ သစ်တောကြိုးဝိုင်းထဲ မောင်းထုတ်ခဲ့ပြီး ဆင်သတ်မုဆိုးတွေ ရှိနိုင်တယ်လို့ ယူဆတဲ့အတွက် ကင်းလှည့်ရာကနေ ဖမ်းဆီးမိခဲ့တာလို့ ဖမ်းဆီးရာမှာပါဝင်တဲ့ မြန်မာ့သစ်လုပ်ငန်း (ဧရာဝတီတိုင်းဒေသကြီး) အရေးပေါ်ကွန်ဂျီဆင်များအဖွဲ့  ခေါင်းဆောင် ဒေါက်တာလင်းလင်းထွန်းက ပြောပါတယ်။

“ကားလမ်းမှာ လူနှစ်ယောက်တွေ့တယ်၊ မသင်္ကာလို့ စစ်တာမှာ နွားပျောက်တာလို့ ပြောနေရင်း တယောက်ထွက်ပြေးတယ်၊ ကျန်တဲ့တယောက်ကို စစ်တာမှာ အဆိပ်ပုလင်းနဲ့ ဓားမြှောင်တွေ့တော့ ဆင်သတ်မုဆိုးဆိုတာ သေချာတာနဲ့ စခန်းချတဲ့နေရာကို လိုက်ပြခိုင်းတော့ နောက်ထပ် နှစ်ယောက်နဲ့ ဆင်သတ်ရင်သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မိတာပါ။”

ဖမ်းဆီးရမိသူတွေကတော့ စောထူးညော၊ ကျော်ဘဟိန်းနဲ့ နိုင်ထက်ကျော် တို့ဖြစ်ပြီး စစ်ဆေးရာမှာ ထွက်ပြေးသွားသူကတာ့ မောင်အေး ဖြစ်တယ်လို့ သလပ်ခွါနယ်မြေရဲစခန်းက သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို သလပ်ခွါနယ်မြေရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဇီဝမျိုးစုံနဲ့ မျိုးကွဲများ ထိန်းသိန်းရေးဥပဒေ ၁၄(က)/၄၄ နဲ့ အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013