DVB Logo
Home
မြန်မာသတင်း
တရားမဝင်သဲထုတ်ယူမှု မတားမြစ်သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်
DVB
·
October 19, 2018
တရားမဝင်သဲထုတ်ယူမှု မတားမြစ်သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တုံကန်ချောင်းအတွင်း သဲထုတ်လုပ်မှုတွေကြောင့် ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး သဲစနစ်တကျ မထုတ်ယူသူနဲ့  မတားဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး မြစ်သဲကျောက်အုတ်သယံဇာတ ထုတ်ယူသုံးဆွဲရေးကော်မတီအနေနဲ့ သဲတွေကို စနစ်တကျနဲ့ ဘယ်နေရာတွေမှာ ထုတ်ရမယ်ဆိုတာ သတ်မှတ်ပေးမှာဖြစ်ပြီး မလိုက်နာသူတွေကို အရေးယူသွားမယ်လို့ တုံကန်ချောင်းကမ်းပါပြိုမှုအား လာရောက်ကြည့်ရှုစဉ် ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။

"မှန်ကန်တဲ့ သဲကျောက်ထုတ်လုပ်မှု ဖြစ်ရမယ်ဆိုတာကို စည်းစနစ်ချထားပြီးဖြစ်တယ်။ မှားယွင်းတယ်ဆိုရင်တော့ မြစ်ကြောင်းဥပဒေနဲ့အညီ အရေးယူပါမယ်။ တရားမဝင်ထုတ်ယူမှုတွေကိုတော့ ဌာနကပြန်စစ်ပါ။ သတ်မှတ်ထားတဲ့ ခွင့်ပြုချက်နဲ့မညီရင် ကျနော်တို့ အရေးယူပါမယ်။ တားမြစ်ထားလျက်နဲ့ မလိုက်နာရင် မလိုက်နာတဲ့သူကို တရားစွဲမယ်။ မတားမြစ်ရင် မတားမြစ်တဲ့ အုပ်ချုပ်ရေးမှူးကို ပြန်အရေးယူမယ်။"

သဲထုတ်လုပ်မှုတွေကြောင့် ကမ်းပါတွေ ပြိုကျကာ ကျေးရွာချင်ဆက်လမ်းလည်း ပျက်စီးလာနေတာကြောင့် တားဆီးပေးစေချင်တယ်လို့  လေးအိမ်စုကျေးရွာနေ ဦးအောင်ထွန်းက ပြောပါတယ်။

"သူတို့သဲစုပ်တာက ရိုးရိုးတန်းတန်း စုပ်တာ မဟုတ်ဘူး၊ သံချွန်နဲ့နှဲ့ပြီးစုပ်တာ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၈ တန်း ကျောင်းသားလေးတယောက် ရေနစ်သေသွားတယ်။ ကလေးက ပညာလည်း တော်တဲ့ကလေးဖြစ်တယ်။ ရွာနား ကျနော်တို့အိမ်နားတွေမှာ သဲစုပ်တဲ့အခါမှာ စက်နှစ်ခုနဲ့ကို စုပ်ကြတာ။ နောက်နောင်မှာ စောစောက ကလေးလို ကျနော်တို့ သားစဉ်မြေးဆက်တွေ မဆုံးရှုံးရစေချင်ဘူး။"

ကျောက်တံခါးမြို့နယ်အတွင်း သံထုတ်လုပ်မှု လိုင်စင်တွေ အခုနှစ်ဇွန်လ သက်တမ်း ကုန်သွားပြီဖြစ်တာကြောင့် လိုင်စင် ထပ်မံချထားပေးထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သဲထုတ်လုပ်မှုကြောင့် တုံကန်ချောင်းဘေးရှိ ကျေးရွာတွေအနက် ကျေးရွာ ၅ ရွာလောက်မှာ ကမ်းပါပြိုမှုဒဏ် ဆိုးရွာစွာခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

သတင်း ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013