DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ကြေးသွန်းရုပ်တု စိုက်​ထူ
DVB
·
October 19, 2018
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ကြေးသွန်းရုပ်တု စိုက်​ထူ
Donate to DVB

မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဖြစ်​တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြေးသွန်းရုပ်တုကို ညောင်ရွှေမြို့ ​စော်​ဘွားဂူဗိမာန်​အနီးမှာ အောက်တိုဘာ ၁၉ ရက်နေ့က စိုက်​ထူခဲ့ပါတယ်​။

စော်​ဘွားကြီး စဝ်​​ရွှေသိုက်​ဟာ မြန်​မာနိုင်​ငံ လွတ်​လပ်​​ရေးရရှိဖို့ ပါဝင်​ကြိုးစားခဲ့သလို ဖက်​ဒရယ်​ ဒီမိုက​ရေစီစနစ်​ကို ဦး​ဆောင်​လမ်းပြသူလည်း ဖြစ်​တယ်​လို့ ​ညောင်​​ရွှေမြို့နယ်​ ပြည်​သူ့လွှတ်​​တော်ကိုယ်​စားလှယ်​ ဦးနေမျိုးက ပြောပါတယ်။

ညောင်​​ရွှေ​စော်​ဘွားကြီး စဝ်​​ရွှေသိုက်​ရုပ်တု စိုက်​ထူတာဟာ ပ​ဒေသရာဇ်​စနစ်​ကို အား​ပေးအား​မြှောက်​တာ မဟုတ်​ဘဲ မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဂုဏ်​ကို ပုံ​ဖော်​တာလို့ ညောင်​​ရွှေမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ ၁ လွှတ်​​တော်ကိုယ်​စားလှယ်​ ဦးခင်မောင်ဝင်းက ဆိုပါတယ်။

“စဝ်​​ရွှေသိုက်​ဟာ မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဖြစ်​ခဲ့သလို ညောင်​​ရွှေမြို့အတွက် ကျေးဇူးရှင်​လည်း ဖြစ်​ခဲ့တဲ့အတွက်​ ရုပ်​တုစိုက်ထူတာကို အစိုးရအ​နေနဲ့ ခွင့်ပြုသလို စဝ်​​ရွှေသိုက်​ နိုင်​ငံ​တော်​အ​ပေါ် ထားရှိတဲ့ ​စေတနာ​တွေ၊ လုပ်​​ဆောင်​ချက်​​တွေ ​နောင်​လာ​နောက်​သား​တွေ သိရှိဖို့ လိုတယ်​” လို့ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်​ကြီး ​ဒေါက်​တာ​အောင်​သန်း​မောင်​က ​ပြောပါတယ်​။

ကြေးသွန်းရုပ်တု အေ​လးချိန် ​ကြေး ၃၀၀ ပိဿာရှိပြီး အရှည်​ ​၆ ​ပေ ၂ လက်မ၊ တန်​ဖိုး သိန်း ၆၀ ရှိ​ကြောင်း၊ ညောင်ရွှေမြို့​ ကျောက်​တိုင်​ကွင်းအ​ရှေ့ စော်ဘွားကြီးအုတ်ဂူအနီးမှာ စိုက်ထူထား​မှာ ဖြစ်ပါတယ်​။

စော်​ဘွား​ကြေးရုပ်တုကို တဦးတယောက် အလှူငွေနဲ့ လုပ်​​ထားတာမဟုတ်​ဘဲ ​နေရာကျယ်​ကျယ်​ပြန့်​ပြန့်​ အလှူခံပြီး ​ဆောက်​လုပ်​တာလို့ သိရပါတယ်​။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို ၁၈၉၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ ညောင်ရွှေစော်ဘွားအဖြစ် ဟော်နန်းတက်ခဲ့ကာ လွတ်လပ်ရေးရပြီး​နောက်​ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့​ပြီး ၁၉၆၂ ခုနှစ်မှာ ကွယ်​လွန်​​ခဲ့တယ်လို့ သိရပါတယ်​။

သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013