DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌  မြန်မာအများစုအပါအ၀င် တရားမ၀င် နိုင်ငံခြားသား ၁ဝဝဝ ကျော်ဖမ်းဆီးခံရ
DVB
·
October 18, 2018
ထိုင်းနိုင်ငံ၌  မြန်မာအများစုအပါအ၀င် တရားမ၀င် နိုင်ငံခြားသား ၁ဝဝဝ ကျော်ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း ဗီဇာရက်ကျော် နေထိုင်တဲ့ နိုင်ငံခြားသားတွေ၊ တရားမဝင် ဝင်ရောက်လာသူတွေ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သူတွေနဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ လူတွေ ပပျောက်ရေးအတွက် စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေပါတယ်။

အဆိုပါ စစ်ဆေးဖမ်းဆီးမှုအတွင်း ထိုင်းတောင်ပိုင်း ဖူးကစ်ခရိုင်၊ ထိုင်းအလယ်ပိုင်း ဆမွတ်ပရကန်နဲ့ ဆမွတ်ဆာခွန်းခရိုင်တွေမှာ နိုင်ငံခြားသားပေါင်း ၁ဝဝဝ ကျော်ဖမ်းဆီးခံရပြီး အများစုက မြန်မာအလုပ်သမားတွေဖြစ်တယ်လို့  မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ မြန်မာလုပ်သားတွေလည်း အများဆုံးပါပါတယ်။ ဆမွတ်ပရကန်မှာကျတော့ နေရာပေါင်း ၅၅ နေရာကနေ နိုင်ငံခြားသား ၃၃၃ ယောက်၊ လောနိုင်ငံသား ၄၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၆ဝဝ ကျော် အဖမ်းခံတယ်ခင်ဗျ၊ ထိုင်းသတင်းတွေမှာ ၅၅၉ ယောက်ဘဲရေးထားတယ်။ ဒါပေမယ့် အလုပ်သမားတွေကတော့  ၆ဝဝ ကျော်လို့ ပြောပါတယ်။”

ထိုင်းခေါင်ဆွတ်သတင်းမှာတော့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၆ ရက်နေ့က ဆမွတ်ပရ ကန်ခရိုင်တွင်း နေရာ  ၃ခုကိုသွားရောက်စစ်ဆေးရာမှာ ဆမွတ်ကျေးဒီး နယ်မြေမှာ ဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်သမား ၇ဝ ဦး၊ ဆာခလာနယ်မြေမှာ ၅ဝ ဦး၊ ဆမ်လုန်းတိုက်နယ်မြေမှာ ၆ဝ ဦး စုစုပေါင်း ၁၈ဝ ဦးဖမ်းမိပြီး အားလုံးဟာ မြန်မာ အလုပ်သမားတွေ ဖြစ်တယ်လို့ ဖော်ပြ ပါတယ်။

အဲဒီနေ့မှာဘဲ ဆမွတ်ဆာခွန်းခရိုင် ဆမွတ်ဆာခွန်းမြို့ ခုတ်ခမ်ရပ်ကွက်ထဲက မြန်မာ အလုပ်သမားအများစုနေထိုင်ရာ တိုက်ခန်းတွေကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး ရာမှာ ဥပဒေနဲ့ မညီညွတ်သူ ၃၆ ဦး ဖမ်းဆီးရမိပြီး အဲဒီထဲမှာ  မူးယစ်ဆေး ဝါးဖြန့်ဖြူးရောင်းချတဲ့ ထိုင်းလူမျိုး ၁ ဦးနဲ့ သစ်သီးဖျော်ရည်တွေထဲ ဆေးခြောက်နဲ့ စိတ်ကြွဆေးရောပြီး ရောင်းချသူ မြန်မာအလုပ်သမား ၁၉ ဦးတို့ပါဝင်တယ်လို့ ထိုင်း ခုမ်းချတ်လိုတ် သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ် ဆမ်နတ်တျောက်ကျေးရွာအုပ်စုထဲမှာေ တာ့ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ပွဲစားတွေက တောထဲလာပစ်ထားတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို တာဝန်ရှိသူတွေ ကယ်တင်ခဲ့ရတယ်လို့  လည်း ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။

အမျိုးသား ၈ ဦး အမျိုးသမီး ၂ ဦးပါတဲ့ သူတို့အဖွဲ့ဟာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၂ သောင်းမှ ၃ သောင်းထိ ပေးခဲ့ရပြီး မလေးရှားနယ်စပ် တော အုပ်တစ်ခုထဲ လာစောင့်ခိုင်းကြောင်း၊ ၃ ရက်နဲ့  ၃ ည ကြာသည်ထိ ဘယ်သူမှ လာမကြိုဘဲ အစာရေစာပြတ်လပ်တာကြောင့် တောထဲကနေထွက်လာပြီး အကူအညီတောင်းခံခဲ့တာလို့ ဆိုပါ တယ်။

ထိုင်းနိုင်ငံအစိုးရက အလုပ်သမားတွေ တရားဝင်ဖြစ်စေဖို့ မှတ်ပုံတင်ပေးခဲ့သလို မြန်မာ အစိုးရနဲ့ အမ်အိုယူသဘောတူစာချုပ်ချုပ်ပြီး အလုပ်သမားတွေ တရားဝင်စေလွှတ်ဖို့ ဆောင်ရွက် ပေးထားပါတယ်။

ဒါပေမယ့် မြန်မာပြည်သားတွေကြား အလုပ်သမားဥပဒေဆိုင်ရာအချက်အလက် ရောက်ရှိမှု အားနည်းနေခြင်း၊ မြန်မာပြည်မှာလည်း အလုပ်အကိုင်ရှားပါးမှု လုပ်အားခနည်းပါး မှုတွေကြောင့်  ထိုင်းနိုင်ငံကို တရားမ၀င် ထွက်လာတဲ့သူတွေ ရှိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013