DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေး
DVB
·
October 18, 2018
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးတာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှာ  အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ကြိုတင်မဲပေးပွဲမှာ ရန်ကုန် ဗဟိုသားဖွားဆေးရုံဝန်ထမ်းကကြိုတင်မဲ ၁မဲ၊ အရိုးရောဂါ အထူးကုဆေးရုံ နေပြည်တော်က ၄ မဲ အပါအ၀င် စုစုပေါင်းကြိုတင်မဲ ၈ မဲ ထည့်တာဖြစ်ပါတယ်။

ဒီကြိုတင်မဲ ၈ မဲကတော့ ပုံစံ၁၅နဲ့ကြိုတင်အကြောင်းကြားခဲ့တဲ့ မဲအရေအတွက် ဖြစ်ပြီး ပြည်ပနိုင်ငံတွေရောက် ကြိုတင် မဲကတော့ ၃စောင်ရှိပါတယ်။

မြစ်ကြီးနားမြို့နယ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေးကော်မတီရဲ့ လုပ်ငန်း တာဝန်ညှိနှိုင်းဆွေးနွေးပွဲကိုလည်း ဒီကနေ့ ကျင်းပခဲ့ပြီး ပါတီဝင်တွေ မြို့နယ်ကော်မရှင်အဖွဲ့တွေက ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေနဲ့ ကြိုတင်မဲကိစ္စ ညွန်ကြားချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး မြစ်ကြီးနားမြို့နယ်မှာ  လစ်လပ်နေတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013