မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၅၅၅ဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၅ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲ က တအိတ်ကို ၅၅ဝဝဝ ကနေ ၅၉ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၄၅ဝ ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအသစ်က တအိတ်ကို ၃၉ဝဝဝ ကနေ ၄၃ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။
ခုက္ကူကုန် စည်ဒိုင်မှာတော့ တအိတ်ကို ၄၃၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေး နဲ့ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅ဝဝကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၁ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇ဝ၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။
မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။
ပဲဇီးကွက်
မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တအိတ်ကို ၇၇ဝဝဝ ကနေ ၇၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၃ဝဝ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ပခုက္ကူကုန် စည်ဒိုင် တအိတ်ကို ၂၇ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲကြီး
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲကြီး က ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၂၅ဝဝဝ ကနေ ၁၃ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ် ဈေးတက်လာပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၁၅ဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၈၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၉ဝဝဝ ကနေ ၃ဝ၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၁၅ဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
မန္တလေး နဲ့မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











