DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် ၁စီး နစ်မြုပ်
DVB
·
October 18, 2018
ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် ၁စီး နစ်မြုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အုမ္မကျေးရွာနဲ့  ညောင်လှကျေးရွာအကြား ချင်းတွင်းမြစ်အတွင်း အထက်ကိုဆန်တက်တဲ့ ကုန်တင်အမြန်ရေယာဉ်တစီး အောက်တိုဘာ ၁၈ ရက်နေ့လည်ပိုင်းက နစ်မြုပ်သွားပါတယ်။

နစ်မြုပ်သွားတဲ့ ရေယာဉ်ဟာ နန်းတော်ဝင်ရေယာဉ်ဖြစ်ပြီး ရေယာဉ်ပေါ်မှာ အိမ်သုံး ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း စတဲ့ ကုန်မျိုးစုံ စုစုပေါင်း ၂၈ တန်ကိုတင်ဆောင်လာတာဖြစ်ပါတယ်။

ရေယာဉ်မောင်းသမား ညီဝင်းထွန်း၊ စက်မောင်း ခင်အေးကျော်အပါအဝင် ကျား ၅ ယောက်၊ မ ၁ ယောက်လိုက်ပါလာကာ ကနီဆိပ်ကမ်းကနေ မနက် ၇ နာရီ ၄၅ မိနစ်အချိန်က ဆန်တက်သွားတာလို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ သတင်းတွေအရ သိရပါတယ်။

ရေယာဉ်နစ်မြုပ်သွားရတဲ့ အကြောင်းရင်းအသေးစိပ်ကို တိတိကျကျမသိရသေးပေမယ့် ရေယာဉ်က ရှေ့ဝိတ်နောက်ဝိတ်များပြီး ခါးကျိုးတာလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ရေယာဉ်နစ်မြုပ်တဲ့နေရာကို  သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက သွားရောက်နေပြီး လူအသေအပျောက်မရှိဘူးလို့ သိရပါတယ်။

ရေယာဉ်ပေါ်ပါ ပစ္စည်းတွေကိုလည်း အနီးအနားကျေးရွာတွေရှိ ရွာသားတွေက ဝိုင်းဝန်းကာ ကူညီဆယ်ယူပေးနေကြတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ကနီမြို့နယ်ထဲမှာ  ရေယာဉ်တွေ မကြာခဏဆိုသလို နစ်မြုပ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013