DVB Logo
Home
မြန်မာသတင်း
ကျောက်ဂူဆရာတော် အရှင်ဣန္ဒာစရိယ ယာဉ်မတော်တဆမှုဖြင့် ပျံလွန်တော်မူ
DVB
·
October 18, 2018
ကျောက်ဂူဆရာတော် အရှင်ဣန္ဒာစရိယ ယာဉ်မတော်တဆမှုဖြင့် ပျံလွန်တော်မူ
Donate to DVB

မန္တလေး-နေပြည်တော် မိုင်တိုင် ၃၁၀ မှာ ကားမတော်တဆတိုက်မိပြီး ကျောက်ဂူဆရာတော် အရှင်ဣန္ဒာစရိယဟာ အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီခွဲမှာ ဘဝနတ်ထံ ပျံတော်မူ ခဲ့ပါတယ်။

နေပြည်တော်ကနေ မန္တလေးကိုအလာ မိုင်တိုင် ၃၁၀ အနီးမှာ ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားကုန်စောင်းကို ဝင်တိုက်ခဲ့ရာမှာ ဆရာတော်နဲ့အတူ ဒါယကာ တဦးပါ အခင်းဖြစ်နေရာမှာ အသက်ဆုံးရှုံးခဲ့တာလို့ မန္တလေးတိုင်း ဒုရဲတပ်ဖွဲ့မှူးကြီးထံက သိရပါတယ်။

ဆရာတော်ဟာ ဂန့်ဂေါမြို့နယ်ရှိ ကန်ငါးရွာတောရနဲ့ ကလေးမြို့ စက်မှုဇုံတောရမှာ ဝိပဿနာဘာဝနာပြန့်ပွားရေးကို အစဉ်တစိုက် သာသနာ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာတော်ဖြစ်ပြီး ဝိပဿနာ တရားပြခြင်း ဂုဏ်သတင်း ကျော်ဇော်ထင်ရှားတဲ့ ဆရာတော် လည်း ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆရာတော်ရဲ့နား၊ နှာခေါင်းမှာ သွေးထွက်ဒဏ်ရာနဲ့ ဝမ်းဗိုက် ညိုမည်း ဒဏ်ရာတွေနဲ့ ပျံတော်မူခဲ့တာဖြစ်ပြီး ဒါယကာ ဖြစ်သူ ဦးဆန်းကို ကတော့ ဦးခေါင်းနဲ့ ဗိုက်မှာ ဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို အမြန်လမ်းရဲတပ်ဖွဲ့ အကူအညီနဲ့ နွားထိုးကြီး ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒီမနက် ၁၁ နာရီ ၄၀ ခန့်က နွားထိုးကြီးဆေးရုံရောက်လာတယ်လို့ သိရပါတယ်။

 

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013