DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို အရေးယူရန် မူဝါဒထုတ်ပြန်
DVB
·
October 18, 2018
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို အရေးယူရန် မူဝါဒထုတ်ပြန်
Donate to DVB

လုပ်ငန်းခွင်တွေအတွင်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို အရေးယူဖို့ မူဝါဒတွေကို မေတ္တာဖောင်ဒေးရှင်းက ပထမဆုံး ထုတ်ပြန်လိုက်ပါတယ်။

တပြည်လုံးမှာ ဝန်ထမ်းအင်အား ၈၀၀ ခန့်အပ်ထားတဲ့ မေတ္တာဖောင်ဒေးရှင်းက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ အပါအဝင် ဝန်ထမ်းရဲ့ကျားမဖြစ်တည်ခြင်းအပေါ် အနိုင်ကျင့်တာတွေ ရှိလာရင် အဆင့်ဆင့်အရေးယူ ဆောင်ရွက်သွားမယ့်မူဝါဒကို ဒီကနေ့ ရန်ကုန်မြို့က ဆန်းမစ်ပတ်ခါဗျူးဟိုတယ်မှာ ထုတ်ပြန်ခဲ့တာပါ။

မေတ္တာဖောင်ဒေးရှင်း ဘုတ်အဖွဲ့ဝင် ဒေါ်နန်ရော်က“လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းမှာ မုဒိမ်းမှုအဆင့်ထိမရောက်ပေမယ့် အမျိုးသမီးနဲ့ အမျိုးသားကြား အိနြေ္ဒပျက်အောင် စူးစိုက်ကြည့်တာတွေ၊ လိင်ပိုင်းဆိုင်ရာ ဟာသပြောဆိုတာတွေကိုလည်း အရေးယူမယ့် မူဝါဒထဲမှာ ထည့်သွင်းထားပါတယ်။ ကျူးလွန်သူကို တရားဥပဒေအရ ရင်ဆိုင်ခိုင်းမယ့်အပြင် ဒီလိုကျူးလွန်ခဲ့တဲ့ ရာဇဝင်ကိုလည်း ဖြန့်ဝေသွားမှာပါ”လို့ ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေက လူ့အဖွဲ့အစည်းအတွင်း ဖြစ်နေကျထုံးစံ တစ်ခုလိုဖြစ်နေပြီး ဒါတွေ ပပျောက်သွားဖို့က နည်းလမ်းနှစ်ခုကိုအသုံးပြု နိုင်တယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးက “ကျမထင်တာ နှစ်မျိုးတော့လုပ်ရမယ်။ လူတွေ အသိရှိလာအောင်လုပ်တာ ပေါ့နော်၊ ဒါဟာ သိအောင်ပြောရမယ်။ တစ်ဖက်မှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ ပေါ်လစီနဲ့လုပ်မှ မြန်ဆန်ပါမယ်”လို့ ပြောပါတယ်။

မေတ္တာဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံတ၀န်း ကျေးရွာပေါင်း တစ်ထောင်ကျော်က လူပေါင်းတစ်သိန်းလောက်ကို ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းနိုင်ဖို့  အတွက်လည်း အကူအညီပေးနေပါတယ်။

သတင်း - ရူပါအောင်ဝင်း  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013