DVB Logo
Home
မြန်မာသတင်း
ဆန်စက်များ မှတ်ပုံတင်ရန် နှစ် ၃၀ ကြာထုတ်ပြန်ခဲ့သည့်အမိန့် ပြန်ရုပ်သိမ်း
DVB
·
October 18, 2018
ဆန်စက်များ မှတ်ပုံတင်ရန် နှစ် ၃၀ ကြာထုတ်ပြန်ခဲ့သည့်အမိန့် ပြန်ရုပ်သိမ်း
Donate to DVB

ဆန်စက်တွေ မှတ်ပုံတင်ဖို့ ထုတ်ပြန်ခဲ့တဲ့ ၁/၈၉ အမိန့်ကြော်ငြာစာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက် စွဲနဲ့ ရုပ်သိမ်းလိုက်ပါတယ်။  

စပါးကနေ ဆန်အဖြစ်ကြိတ်ခွဲဖို့အတွက် ဆန်စက်တွေ တည်ဆောက်ရာမှာ ဆန်စက် ပိုင်ရှင်တွေက စားသုံးသူရေးရာ ဦးစီးဌာနကို လျှောက်ထားရတဲ့ မှတ်ပုံတင်တဲ့လုပ်ငန်းကို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပယ်ဖျက်လိုက်တာပါ။

အစိုးရက ဆန်စပါးရောင်းဝယ်တဲ့ လုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့တဲ့ကာလအတွင်း ဆန်စက်လုပ်ငန်းတွေကို မှတ်ပုံတင်ပေးတဲ့လုပ်ငန်းတွေနဲ့အတူ နည်းပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၃ခုနှစ်နောက်ပိုင်း ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းကို  ပုဂ္ဂလိကကို လွဲပြောင်းခဲ့တဲ့နောက်ပိုင်း နှစ်ပေါင်း ၃၀နီးပါးထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာကို ရုပ်သိမ်း ခဲ့တာပါ။

ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ချိုက “၂၀၀၃ နောက်ပိုင်းမှာ ဆန်စပါးလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ခွင့် ပေးလိုက်တဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း လိုင်စင်လုပ်ငန်းစဉ်က  ကျနော်တို့ ဌာနအနေနဲ့ ကိုင်တွယ်ဖို့ မလိုတော့လို့ စဉ်းစားသုံးသပ်ပြီးတော့ လူကြီးတွေအနေနဲ့ စဉ်းစားသုံးသပ်ပြီး ဖြေလျော့ပေးခဲ့တာ”လို့ ပြောပါတယ်။

ဆန်စက်တွေ မှတ်ပုံတင်လျှောက်ထားရာမှာ  ကြိတ်ခွဲမယ့် ဆန်အရည်အသွေးအလိုက် စက်ပစ္စည်းတွေ တပ်ဆင်ထားမှုရှိမရှိကို စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင်ပတ်ဝန်းကျင်ရဲ့ သဘောတူညီမှုတွေ၊ သဘာဝပတ်ဝန်းကျင်ကို သက်ရောက်မှု တွေ စတာတွေကို စိစစ်ပြီး မှတ်ပုံတင်ထုတ်ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကို စီးပွားကူးသန်းက ပယ်ဖျက်ပြီး နောက်ပိုင်း စက်မှုဝန်ကြီးဌာနနဲ့ မြို့တော်စည်ပင်တို့က ဆက်လက် လုပ်ဆောင်သွားမှာပါ။

မြန်မာနိုင်ငံ ဆန်စက်အသင်း ဦးသောင်းဝင်းက “ဒီလိုပယ်ဖျတ်လိုက်တာက တည်ချင် တိုင်းတည်လို့ရမယ်၊ လည်ချင်တိုင်းလည်လို့ရမယ် မဟုတ်ပါဘူး။ ဒါက မြန်မာနိုင်ငံရဲ့အဓိက စိုက်ပျိုးရေး ထွက်ကုန်လည်းဖြစ်တယ်။ တိုင်းသူပြည်သားတွေ စားသောက်နေတဲ့ စားသောက်ကုန်လည်းဖြစ်တယ်။ အဓိက ကျတာက စပါးကနေပြီးတော့မှ စားသုံးတဲ့သူတွေ ဆီရောက်ဖို့က ကြိတ်ခွဲတဲ့စက်တွေရဲ့ အရည်အသွေးနဲ့ စနစ်ကျမှုက အင်မတန်ကို အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဆန်စက်မှတ်ပုံတင်ရာမှာ ၁၅တန်အောက် ဒေသအတွင်းဝမ်းစာဖြည့်ဖို့ ရည်ရွယ် တည်ဆောက်တဲ့ ဟာလာဆန်စက်၊ အဲဒီနောက် ၁၅ တန်အထက်နဲ့ အဆင့်မြင့်ခေတ်မှီ ဆန်စက်တွေ ပါဝင်ပါတယ်။

စပါးဆန်နဲ့ ပဲမျိးစုံကြိတ်ခွဲစက်တွေ တည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း ဖျက်သိမ်းခြင်းဆိုင်ရာအမိန့်ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအက်ဥပဒေအရ ၁၉၈၉ခုနှစ် စက်တင်ဘာလ ၂၁ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013