DVB Logo
Home
မြန်မာသတင်း
နည်းပြ ဂွါဒီယိုလာ ကစားကွက်အတိုင်း မိုနာကိုအသင်းကို ကိုင်တွယ်မည်ဟု အွန်နရီပြော
DVB
·
October 18, 2018
နည်းပြ ဂွါဒီယိုလာ ကစားကွက်အတိုင်း မိုနာကိုအသင်းကို ကိုင်တွယ်မည်ဟု အွန်နရီပြော
Donate to DVB

နည်းပြဂွါဒီယိုလာရဲ့ ကစားကွက်အတိုင်း မိုနာကိုအသင်းကို ကိုင်တွယ်သွားမယ်လို့ နည်းပြသစ် အွန်နရီက ပြောကြားလိုက်ပါတယ်။

ပြင်သစ်ကစားသမားဟောင်း အွန်နရီဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံ လက်ထောက်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ပြီး မနေ့ကမှ မိုနာကိုအသင်း နည်းပြအဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရတာပါ။

ဘာစီလိုနာအသင်းမှာ ကစားတုန်းက ဘောလုံးကို ဘယ်လိုကစားရမလဲဆိုတာ နည်းပြ ဂွါဒီယိုလာက ပြသခဲ့ပြီး မိမိအတုယူရတဲ့ စံပြနည်းပြတဦးဖြစ်တယ်လို့ အွန်နရီက ပြောပါတယ်။

ဂွါဒီယိုလာရဲ့ ကစားကွက် နည်းဗျူဟာတွေကို အတုယူပေမယ့် ကိုယ်ပိုင်ဘောလုံးဒဿန တချို့လည်း ပေါင်းစပ်ဖို့လိုပြီး နည်းပြအားလုံးရဲ့ ကစားကွက်တွေကိုလည်း လေ့လာခဲ့တယ်လို့ အွန်နရီက ဆိုပါတယ်။

အာဆင်နယ်အသင်းမှာ လက်တွဲခဲ့တဲ့ အာစင်ဝင်းဂါးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပရော်ဖက်ရှင်နယ် ပီသစေဖို့ လမ်းညွှန်ခဲ့သူဖြစ်တယ်လို့ အွန်နရီက ဆိုပါတယ်။

မိုနာကိုအသင်းဟာ လက်ရှိ ပြင်သစ်လီဂူးဝမ်းမှာ ၉ ပွဲကစားပြီး ၆ မှတ်ပဲ ရသေးတာကြောင့် တန်းဆင်းဇုန်နေရာဖြစ်တဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။

နည်းပြသစ်အွန်နရီအနေနဲ့  အောက်တိုဘာ ၂၀ ရက်မှာကစားမယ့် စထရက်ဘော့နဲ့ပွဲက သူ့ရဲ့နည်းပြဘ၀ ပထမဆုံးပွဲဖြစ်လာ မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နည်းပြ ဂွါဒီယိုလာ ကစားကွက်အတိုင်း မိုနာကိုအသင်းကို ကိုင်တွယ်မည်ဟု အွန်နရီပြော