DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံချနေမှုတွင် ကွန်ဂရက်လွှတ်တော် ၀င်မပါရန် ဆိနိတ်အမတ်ပြော
DVB
·
October 18, 2018
ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံချနေမှုတွင် ကွန်ဂရက်လွှတ်တော် ၀င်မပါရန် ဆိနိတ်အမတ်ပြော
Donate to DVB

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်တယ်လို့ အမေရိကန် ဆိနိအထက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် မစ်ခ်ျမက်ကော်နယ်က ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်တပ်က နှိမ်နင်းခဲ့တဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်ကို နိုင်ငံတကာက ကန့်ကွက်ပြောဆို အပြစ်ပုံချဖို့ လုပ်နေတာကို ကွန်ဂရက်အနေနဲ့ ဝင်မပါသင့်ဘူး လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ်ပဲ အပြစ်ပုံချနေတာဟာ သိသာလွန်းတယ်။ ဒီလိုတွေ ဝိုင်းလုပ်နေတာဟာ မကောင်းဘူး” လို့ မက်ကော်နယ်က ရိုက်တာစ်သတင်းဌာနနဲ့ အင်တာဗျူးမှာပြောသွားခဲ့ပြီး “အနာဂတ် မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ကျနော်တို့မှာ ရှိထားပြီးသား အကောင်းဆုံးမျှော်လင့်ချက်ကို နောက်ထပ် အားလျော့နည်းအောင် လုပ်ဆောင်တာဟာ ကောင်းတဲ့ မူဝါဒ လို့ မထင်ဘူး”လို့လည်း ပြောပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အပြစ်ပေးခံထားရတဲ့ ရိုက်တာစ် သတင်းထောက် ၂ ယောက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထောက်ခံပြောဆိုပေးဖို့ ကွန်ဂရက်က ဖိအားပေးသင့်လားဆိုပြီး မေးတဲ့အပေါ်မှာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပေမယ့် ဒါကို ချက်ချင်း မဖြေကြားနိုင်ဘူးလို့လည်း ဆိနိတ်အမတ်က ပြောပါတယ်။

ခုချိန်ထိတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့  ဆောင်ရွက်ချက်တွေကို အပြစ်ပေး ရှုတ်ချဖို့ကိစ္စ ဥပဒေပြုရေးအတွက် ဆီးနိတ်လွှတ်တော်မှာ မဲပေးခွင့် မပြုထားပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်တို့ဟာ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အစဉ်တစိုက် အားပေးထောက်ခံနေသူ ဖြစ်ပါတယ်။

သတင်းကိုးကား/ ဓာတ်ပုံ- ရိုက်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013