DVB Logo
Home
Lead Story
တရက်အတွင်း ကြည့်ရှုသူသိန်းချီရှိခဲ့သည့် အက်ရှင်မင်းသမီးလေးယဉ်လက်ရဲ့ ကိုယ်စောင့်နတ်သီချင်း(ရုပ်သံ)
DVB
·
October 18, 2018
တရက်အတွင်း ကြည့်ရှုသူသိန်းချီရှိခဲ့သည့် အက်ရှင်မင်းသမီးလေးယဉ်လက်ရဲ့ ကိုယ်စောင့်နတ်သီချင်း(ရုပ်သံ)
Donate to DVB

    “ဟိုးကတည်းကမင်းရှိတယ်… ဒီရင်ဘတ်ဘယ်ဖက်ခြမ်းမှာနေရာယူ… မင်းသာငါ့ အချစ်ဦး… ငါ့အချစ်ဆူး”

    ဒါကတော့ ကိုယ်စောင့်နတ်အမည်ရ သီချင်းထဲက စာသားတွေဖြစ်ပြီး ဒီသီချင်းကို ပြော လိုက်တာနဲ့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ တောင်ကြီးသား လူငယ်အဆိုတော် ဖိုးပြည့်ရဲ့ သီချင်းမှန်း အားလုံးက သိကြမှာပါ။

    ခုတခါမှာတော့ ဒီသီချင်းကို အက်ရှင်မင်းသမီးလေး ယဉ်လက်ရဲ့ သီဆိုသရုပ် ဆောင်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

    “အပြောင်းအလဲကြီးသိပ်မလုပ်နဲ့… ဒီလူသားယိုင်နဲ့နဲ့ပါ… ဒဿဂီရိမဟုတ်ပါဘူး…

ငါ့မျက်နှာအဲ့ဒီလောက်မများပါဘူးလေ… နင်သာပုံမှန်မရှိသော… မိုးသက်တိမ်စိုင်တွေလို … လေနှင်ရာမှာတကွက်ကြားမိုးအဖြစ်ရွာသွန်းဖြိုး…”

    ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ယဉ်လက်ရဲ့ သီဆိုမှုကို သူ့ရဲ့ အပြုံးချိုချိုနဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ တွဲဖက်ပြီး ပရိသတ်တွေက မြင်တွေ့ကြရမှာပါ။

    ယဉ်လက်ဟာ ရုပ်ရှင်ကားတွေထဲမှာ ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှု၊ သရုပ် ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေကြား အက်ရှင်မင်းသမီးလေးတဦးအဖြစ် နာမည်ကြီး လာခဲ့တာဖြစ်ပြီး    ခုနောက်ဆုံး ရုံတင်ပြသခဲ့တဲ့ တည်ကြက်ရုပ်ရှင်ကားထဲမှာလည်း နေတိုး၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။

    “နင်ဟာင့ါတယောက်တည်းအတွက်… ငါ့ရဲ့ကိုယ်စောင့်နတ်လို… သိမ်ငယ်ဇော နဲ့ရေးတဲ့ မြတ်နိုးခြင်း… ပန်းချီကားတစ်ချပ်လို… အသက်ရှင်ခြင်းတခုရဲ့ဝင်သက်တခုလို …”

    ယဉ်လက်သီဆိုသရုပ်ဆောင်ထားတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ ဖေ့ စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အောက်တိုဘာလ ၁၆ ရက် နေ့မှာ သီတင်းကျွတ်လက်ဆောင်ဆိုပြီး မျှဝေထားခဲ့တာဖြစ်ကာ တရက်အတွင်း ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013