DVB Logo
Home
မြန်မာသတင်း
Miss Grand International အလှမယ်များ၏ ကော့သောင်းခရီးအလှပုံရိပ်များ(ဓာတ်ပုံ)
DVB
·
October 18, 2018
Miss Grand International အလှမယ်များ၏ ကော့သောင်းခရီးအလှပုံရိပ်များ(ဓာတ်ပုံ)
1 / 11
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပနေတဲ့ Miss Grand International 2018 အလှမယ်ပြိုင်ပွဲဝင် နိုင်ငံတကာအလှမယ်တွေဟာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ကို ရောက်ရှိနေကြပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၈၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စစ်ပွဲနဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ အခုနှစ်အတွက် မြန်မာနိုင်ငံက အလှမယ် ဆုမြတ်ဖူး ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ အလှမယ် အေးချမ်းမိုးက သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကိုတော့ အဆင့်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ကော့သောင်းမှာ ရေကူးဝတ်စုံနဲ့ အလှမယ်တွေက ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

၂၃ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ The One Entertainment Park မှာ အကြိုပြိုင်ပွဲနဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ Grand Final Competition ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

A Journey to Kawthaung အမည်နဲ့ Miss Grand International ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ အလှပုံရိပ်တွေထဲမှာတော့ အလှမယ်တွေရဲ့ လေယာဉ်ပေါ်က အလှအပဓာတ်ပုံတွေ၊ ရှုခင်းအလှအပတွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013