DVB Logo
Home
မြန်မာသတင်း
သတင်းမှားများရည်ရွယ်ချက်ရှိရှိ ဖြန့်ချိသည့်  မြန်မာဖေ့စ်ဘွတ်ခ်စာမျက်နှာ ၁၃ခုပိတ်သိမ်းခံရ
DVB
·
October 18, 2018
သတင်းမှားများရည်ရွယ်ချက်ရှိရှိ ဖြန့်ချိသည့်  မြန်မာဖေ့စ်ဘွတ်ခ်စာမျက်နှာ ၁၃ခုပိတ်သိမ်းခံရ
Donate to DVB

လူမှုကွန်ရက်ပေါ်မှာ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်ပြီး အုပ်စုလိုက် အကွက်ကျကျ ဖြန့်ချိနေတာကို ဖော်ထုတ်တွေ့ရှိတယ်ဆိုပြီး မြန်မာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၁၃ခုနဲ့ အကောင့် ၁၀ ခုကို ထပ်​မံပိတ်သိမ်းလိုက်တယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖယ်ရှားခံရတဲ့အထဲမှာ Beautyand Classic၊  ဆရာမလေးများ (young female teachers)၊ စစ်သားဓာတ်ပုံများစုစည်းမှု (collection of solder's photos)၊ မိုးနတ်မင်း (lord of heaven)နဲ့ opposite eye ဘလော့ဂ်ကို ရေးသားခဲ့တဲ့ Ohn Mg ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်လည်းပါဝင်ပါတယ်။

ပိတ်ခံရတဲ့အထဲမှာ ဖျော်ဖြေရေး၊ အလှအပရေးရာ၊ သတင်းအချက်အလက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ် စာမျက်နှာတချို့ပါဝင်ပေမယ့် ဒါတွေဟာ မြန်မာစစ်တပ်ရဲ့ ၀ါဒဖြန့်လှုပ်ရှားမှုနဲ့ ဆက်နွှယ်နေပြီး ဖေ့စ်ဘွတ်ခ်ရဲ့ ပုံမှားရိုက်ခြင်း (mispresentation policy) မူဝါဒ စည်းကမ်းချက်တွေနဲ့ လည်း ငြိစွန်းခဲ့တယ်လို့ဆိုပါတယ်။

ခုလိုပိတ်ခံရတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၁၃ ခုထဲက အနည်းဆုံးတခုဟာ Followers  ၁ဒသမ ၃၅ သန်းလောက်ရှိတာနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး အနုပညာ၊ ဖျော်ဖြေရေး သတင်းအချက်အလက်တွေကို အကာကွယ်ပြုပြီး ၀ါဒဖြန့်တဲ့ စုဖွဲ့လှုပ်ရှားမှုနဲ့ လူပုဂ္ဂိုလ်တွေကို ဖယ်ရှားတာဟာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေထဲက တခုဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ဖေ့စ်ဘွတ်ခ်ကနေ မြန်မာဖေ့စ်ဘွတ် အကောင့် ၁၈ ခု၊ အင်စတာဂရမ်အကောင့် ၁ခုနဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ၅၂ ခုကို ဖယ်ရှားပစ်ခဲ့ပါတယ်။

အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြ၀တီသတင်းဌာနအပါအ၀င် တပ်မတော်နဲ့ သက်ဆိုင်တဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၂၀လောက်ကိုလည်း ဖယ်ရှားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013