DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအရေး ကူညီဖြေရှင်းပေးရန် ရခိုင်ပြည်နယ်လွှတ်တော်ကို ကုလကိုယ်စားလှယ် တိုက်တွန်း
DVB
·
October 18, 2018
ဘင်္ဂါလီအရေး ကူညီဖြေရှင်းပေးရန် ရခိုင်ပြည်နယ်လွှတ်တော်ကို ကုလကိုယ်စားလှယ် တိုက်တွန်း
Donate to DVB

ဘင်္ဂါလီတွေအရေးကိစ္စပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က တက်နိုင် သလာက်ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာက ပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ  အောက်တိုဘာ၁၆ ရက်က ရခိုင်ပြည်နယ် လွှတ်တော်ကို ရောက်ရှိခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံခဲ့ကာ ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာပါ။

တဖက်နိုင်ငံကို နေရပ်စွန်ခွာထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံတဲ့ နေရာမှာ မောင်တောတောင်ပိုင်းကိုပြန်လည်နေရာချထားမပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု ဆုံးဖြတ် ထားပါတယ်။

မစ္စဘာဂျီနာဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီထက် ပျော့ပျောင်းသူဖြစ်ပြီး သဘောထား တင်းမှုတွေ မတွေ့ရဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

လတ်တလောမှာတော့ စစ်တွေမြို့နယ်က ဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွေဖျက်သိမ်းပြီး ပြန်လည်နေရာချထားပေးဖို့ကိစ္စ အခက်အခဲတွေရှိနေပြီး လောလောဆယ်မှာဖြစ်နိုင်ဖို့ မလွယ်ဘူးလို့လည်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ  ရခိုင်ပြည်နယ်ခရီးစဉ်အတွင် အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တော ဒေသကိုသွားရောက်ခဲ့သလို ကျောက်တော်မြို့နယ်ရှိ နိးဒါန်ဘင်္ဂါလီကယ်ဆယ်ရေးစခန်းနဲ့ စစ်တွေမြို့ထဲက ဘင်္ဂါလီတွေနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်နဲ့ သက္ကေပြင်ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေကို လွတ်လပ်စွာသွားလာခွင့်ပေးဖို့၊ ဆေးကုသခွင့်တွေနဲ့ ပညာသင်ခွင့်တွေပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံတုန်းမှာ ဆွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013