DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင်မြို့နယ်တွင် လူနာနှင့် ဆရာဝန်အင်အားမမျှဘဲ ဆရာဝန်များလိုအပ်နေ
DVB
·
October 17, 2018
ဖောင်းပြင်မြို့နယ်တွင် လူနာနှင့် ဆရာဝန်အင်အားမမျှဘဲ ဆရာဝန်များလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ဆေးရုံမှာ လာရောက်ကုသတဲ့ လူနာဦးရေနဲ့ ရှိတဲ့ဆရာဝန်အင်အား မျှတမှုမရှိလို့ ဆရာဝန်တွေ အမြန်ခန့်ထားဖို့ လိုအပ်နေပါတယ်။

ဖောင်းပြင်မြို့မှာ ကုတင် ၅၀ ဆံ့ဆေးရုံ ၁ ရုံနဲ့  ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံ ၂ ခုတို့မှာ ဆရာဝန်တွေ အရေးတကြီး လိုအပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

ဆေးရုံမှတ်တမ်းကရရှိတဲ့ စာရင်းတွေအရ သြဂုတ်လမှာ မြို့နယ်ဆေးရုံကြီးကို လာရောက်ကုသသူ ပြင်ပလူနာ ၆၃၈ ဦး၊ အတွင်းလူနာ ၃၂၉ ဦး၊ စက်တင်ဘာလမှာ ပြင်ပလူနာ ၅၂၁ ဦးနဲ့ အတွင်းလူနာ ၃၀၂ ဦးထိရှိခဲ့ပေမယ့် ဆေးရုံမှာ  ၆ ဦးသာခန့်ထားနိုင်ပြီး မြို့နယ်ဆရာဝန် ၁ ဦးအပါအဝင် အနည်းဆုံး ဆရာဝန် ၂ ဦးထိလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်နယ်ဆေးရုံတွေဖြစ်တဲ့ သရောင်းဆေးရုံမှာလည်း ဆရာဝန် ၂ ဦးရှိရမှာ ဖြစ်ပေမယ့် ၁ ဦးသာရှိနေသလို သငါတိုက်နယ်ဆေးရုံမှာတော့  ဆရာဝန်တဦးမှ မရှိသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်လူထုတွေရဲ့ ကျန်းမာရေးကို ရှေးရှုတဲ့အနေနဲ့ လိုအပ်နေတဲ့ ဆရာဝန်တွေ အမြန်ဆုံး ခန့်ထားပေးဖို့ လိုအပ်နေတယ်လို့ ဖောင်းပြင်မြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ပြောပါတယ်။

“ပြည်သူတွေကပြောလို့ ကျနော်ကိုယ်တိုင်လည်းသွားကြည့်တယ်။ တကယ်လည်း လူနာအချိုးနဲ့ ဆရာဝန်အချိုး မမျှဘူး။ ဒီလိုမရှိတော့ ဘာဖြစ်လာလဲဆိုတော့ လူနာတွေ အသက်မသေသင့်ဘဲ သေတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ ၁ ရက်၊ ၂ ရက်မဟုတ်တော့ အဆင်မပြေနိုင်ဘူး။ ဆေးဝါးလုံလောက်အောင်ရှိပါစေ ကုသမဲ့ ဆရာဝန်မရှိရင် အဆင်မပြေဘူးလေ။ လွှတ်တော်မှာလည်း တင်ပြနိုင်အောင် လုပ်ဆောင်သွားမယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ရှေးရှုတဲ့အနေနဲ့ လိုအပ်ချက်တွေ အစိုးရက ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။”

စစ်ကိုင်းတိုင်းထဲမှာ ကုတင် ၅၀၀ ဆံ့ဆေးရုံ ၁ ရုံ၊ ကုတင် ၃၀၀ ဆံ့ဆေးရုံ ၁ ရုံ၊ ကုတင် ၂၀၀ ဆံ့ဆေးရုံ ၂ ရုံ၊ ကုတင် ၁၀၀ ဆံ့ဆေးရုံ ၆ ရုံ၊ ကုတင် ၅၀ ဆံ့ဆေးရုံ ၁၁ ရုံ၊ ၂၅ ကုတင်ဆံ့ဆေးရုံ ၁၉ ရုံနဲ့  ၁၆ ကုတင်ဆံ့ဆေးရုံ ၉၉ ရုံရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013