DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 17, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၅၈၄၀၀ ပေါက်ဈေးရှိပြီး တတန်ကို ငွေကျပ် ၆၀၀၀ ဈေးတက်လာပါတယ်။

အာလူး

အာလူးကတော့ တပိဿာကို ၃၈၀ ကနေ ၇၆၀ အထိ ပေါက်ဈေးရှိပြီး တပိဿာကို ၈၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီ (ဆိပ်ဖြူ) ကတော့ ဒီနေ့မှာ တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၇၅၀ ကနေ ၁၁၀၀ ရှိပါတယ်။

ကြက်သွန်ဖြူ( ကြူကုတ်)

ကြက်သွန်ဖြူ (ကြူကုတ်) က တပိဿာကို ၁၂၀၀ ကနေ ၁၂၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၂၅ ကျပ် ဈေးတက်လာပါတယ်။

ထန်းလျက်

ထန်းလျက်ကတော့ ဒီနေ့မှာ တပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁၃၀၀ ကနေ ၁၅၇၅ ကျပ် ပေါက်ဈေးရှိပါတယ်။

မုန်လာဥ

အောင်ပန်းကုန်စည်ဒိုင်မှာတော့ မုန်လာဥက တပိဿာကို ၄၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ကတော့ တထုပ်ကို ၁၂၀ ပေါက်ဈေးရှိပြီး တထုပ်ကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက တပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီး တပိဿာကို ၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ ဈေးတက်လာခဲ့ပါတယ်။ လအတန်ကြာ ဈေးငြိမ်နေခဲ့ပေမယ့် လက်ရှိမှာ ငွေလဲလှယ်နှုန်းဈေး မြင့်တက်လာတဲ့အပြင် ဝယ်လိုအား မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးတက်လာပါတယ်။ သုံးရက်အတွင်း တပိဿာကို ၁၀၀ ကျော် ဈေးတက်လာပါတယ်။

ကြက်သွန်နီကတော့ ဈေးဆက်တိုက် ကျဆင်းနေခဲ့ပါတယ်။ ဈေးကွက်ထဲကို ကြက်သွန်အဝင်နည်းနေပေမယ့် ဈေးမြင့်တဲ့အတွက် ဝယ်လိုအားလည်းနည်းပြီး ဈေးက ဆက်တိုက်ကို ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဈေးစတင်တက်ခဲ့ပြီး အောက်တိုဘာလမှာတော့ ဈေးက စတင်ကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013