DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ်အား သက်ဆိုင်ရာဆွေမျိုးထံ အခမ်းအနားဖြင့် ပြန်လည်အပ်နှံ
DVB
·
October 17, 2018
နန်းမိုဟွမ်အား သက်ဆိုင်ရာဆွေမျိုးထံ အခမ်းအနားဖြင့် ပြန်လည်အပ်နှံ
1 / 3
Donate to DVB

တီအန်အယ်လ်အေပလောင်တပ်ဖွဲ့က တစ်လကျော်ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တဲ့ နမ့်ခမ်းမြို့က နန်းမိုဟွမ်ကို သက်ဆိုင်ရာ ဆွေမျိုးတွေထံ ပြန်လည်အပ်နှံ တဲ့အခမ်းအနား ဒီကနေ့မနက်က SSA/SSPP ရှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းမှာ ကျင်းပပါတယ်။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် SSPPက မဟာမိတ်ပလောင်တပ်ဖွဲ့ထံ သွားရောက်ညှိနှိုင်းပေးခဲ့သလို ပြန်လွှတ်တော့လည်း သူတို့က တာဝန်ယူ လက်မှတ်ထိုးပြီး လက်ခံခဲ့တာကြောင့် အိမ်ကိုတန်းပြီးပြန်မပို့ဘဲ ဌာနချုပ်ဝမ်ဟိုင်းမှာ အခမ်းအနားနဲ့ အပ်နှံရ တာလို့  SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းသန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“တီအန်အယ်လ်အေက ကျနော်တို့ထံကနေတဆင့် အပ်နှံပေးလို့ ကျနော်တို့လည်း လက်မှတ်ထိုးပြီး ဒီကနေ့မနက်က ဌာနချုပ်ဝမ့်ဟိုင်းမှာ အခမ်းအနားနဲ့ သူ့ဆွေမျိုးတွေဆီ ပြန်အပ်ပေးခဲ့ပါတယ်။ အခမ်းအနားမှာ SSPP တာဝန်ရှိသူက သူ့ကို ဘေးမသီရန်မခ လွှတ်ပေးဖို့ သွားရောက် ဆွေးနွေးခဲ့တဲ့အကြောင်း ပြောတယ်။ နန်းမိုဟွမ်နဲ့ သူ့ဦးလေးက အားလုံးကို ကျေးဇူးတင် စကားပြောတယ်။ အခမ်းအနားပြီးတာနဲ့ နေ့ခင်း ၁၂ နာရီလောက်မှာ နန်းမိုဟွမ်ရော သူ့ဆွေမျိုးတွေပါ နမ့်ခမ်းကို ပြန်သွားကြပါပြီ”

နန်းမိုဟွမ်ကို ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့ အကြောင်းရင်းမှာ  သူတို့ အိမ်ကို လာပြီးအခွန်ကောက်တဲ့ ပလောင် တပ်သားနှစ်ယောက် အပြန်ခရီးလမ်းမှာ မြန်မာ့ တပ်မတော်စစ်ကြောင်းနဲ့ တိုးမိပြီး သေနတ်ပစ်ခံရလို့ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

နန်းမိုဟွမ်လို ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်နောင်မှာ ပြည်သူတွေအနေနဲ့ တီအန်အယ်လ်အေရဲ့ ဖမ်းဆီးခံရရင် အမြန်ဆုံးအကြောင်းကြားဖို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

နန်းမိုဟွမ်နဲ့ ဆွေမျိုးတွေကတော့ အိမ်အပြန်လမ်းခုလပ်မှာ ရှိနေဆဲမို့ တယ်လီဖုန်း အဆက်အသွယ် မရသေးပါဘူး။

Photo by Tai Hun Mai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013